ဖိလစ်ပိုင်သမ္မတ ဂျူနီယာဖာဒီနန်မားကို့စ်လာမည့်လတွင် စင်္ကာပူသို့နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

0
240

ဖိလစ်ပိုင်သမ္မတ ဂျူနီယာဖာဒီနန်မားကို့စ်လာမည့်လတွင် စင်္ကာပူသို့နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

စင်္ကာပူ၊ဩဂုတ် ၁၉

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိစင်္ကာပူနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က သြဂုတ်လ ၁၉ ရက်၌ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတသည် စင်္ကာပူသမ္မတ ဟာလေမာယေးကော့ဘ်၏ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း MFA မှ ပြောရေးဆိုခွင့်ရှိသူက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“သမ္မတမားကို့စ်ကို စင်္ကာပူကနေ ကြိုဆိုဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

“ဘွန်ဘွန်” ဟုလည်းလူသိများသော မစ္စတာမားကို့စ်သည် မေလကသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ဇွန်လ ၃၀ ရက်တွင် မစ္စတာရိုဒရီဂိုဒူတာတေး၏ နေရာကိုဆက်ခံကာ ရာထူးတာဝန်ယူခဲ့သည်။

မေလရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မစ္စတာမားကို့စ်အား ဂုဏ်ပြုသောစာတွင် မဒမ်ဟာလေမာက ၎င်းအားစင်္ကာပူသို့လာရောက်လည်ပတ်ရန် တစ်ပါတည်းဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

“စင်္ကာပူနှင့်ဖိလစ်ပိုင်တို့သည် ခိုင်မာသောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ခိုင်မာသောဆက်ဆံရေးဖြင့် နွေးထွေးသည့် ရေရှည်ဆက်ဆံရေးရှိကြသည်” ဟု မေလ ၁၄ ရက်နေ့စွဲဖြင့်ရေးသားခဲ့သော သူမ၏စာတွင်ဖော်ပြထားသည်။

“၂၀၁၉ ခုနှစ် စက်တင်ဘာလက ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ချိန်အတွင်း ဖိလစ်ပိုင်ပြည်သူတွေရဲ့ နွေးထွေးပျူငှာမှု နဲ့ ဧည့်ဝတ်ကျေပွန်မှုကိုသတိရမိပါတယ်။နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေဖို့အတွက် မစ္စတာမားကို့စ်နဲ့ လက်တွဲဆောင်ရွက်ဖို့လည်း မျှော်လင့်နေပါတယ်” ဟုသူ၏ စာတွင်ရေးသားထားသည်။

“စင်္ကာပူနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ဖိလစ်ပိုင်နိုင်ငံကိုလည်း ဒီ့ထက်မက မြင့်မားအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟုလည်း သူမ၏စာတွင်ဆုတောင်းမေတ္တာပို့သထားသည်။

Source – CNA/kg(mi)


LEAVE A REPLY

Please enter your comment!
Please enter your name here