အက်ပဲလ် ကုန်ပစ္စည်း‌‌ ပေး သွင်းသူ ဖော့စ်ကွန် ကုမ္ပဏီ ဗီယက်နမ် မြောက်ပိုင်းတွင် ဒေါ်လာ သန်း ၃၀၀ ထပ်မံရင်းနှီးမြှုပ်နှံ

0
151

အက်ပဲလ် ကုန်ပစ္စည်း‌‌ ပေး သွင်းသူ ဖော့စ်ကွန် ကုမ္ပဏီ ဗီယက်နမ် မြောက်ပိုင်းတွင် ဒေါ်လာ သန်း ၃၀၀ ထပ်မံရင်းနှီးမြှုပ်နှံ

ဟနွိုင်း၊ ဩဂုတ် ၂၀

အက်ပဲလ်ထံ ကုန်ပစ္စည်းများ‌ေပးသွင်းသည့် ဖော့စ်ကွန် ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် စက်ရုံသစ် တိုးချဲ့ဆောက်လုပ်ရန်နှင့် ကုန်ပစ္စည်း ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ဗီယက်နမ် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည့် ကင်ဘက်ယန် စီးတီးနှင့် ဒေါ်လာသန်း သုံးရာတန်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဩဂုတ်လ ၂၀ ရက် စနေနေ့တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကုမ္ပဏီဖြစ်သည့် ဖော့စ်ကွန်၏ စက်ရုံသစ်ကို ဘက်ယန် ပြည်နယ်ရှိ ၁၂၅ ဧက ကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဒေသတွင်း၌လူ‌ေပါင်း၃ သောင်းကိုအလုပ်ရ‌ေစမည်ဟု Tuoi Tre သတင်းစာ၌ ရေးသားထားသည်။

ဖော့စ်ကွန်နှင့် ကင်ဘက်ယန် စီးတီးသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်း ပြန်ကြားခြင်း မရှိပေ။

ယခုအပတ်အတွင်း ဖော့စ်ကွန်မှ ဗီယက်နမ်မြောက်ပိုင်းတွင် အက်ပဲလ် နာရီများ စတင်စမ်းသပ်ထုတ်လုပ်နေပြီဟူသော သတင်းထွက်ပေါ်လာပြီးနောက် ယင်းကဲ့သို့နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဖော့စ်ကွန်သည် ၎င်း၏ အိုင်ပတ်နှင့် အဲပေါ့စ် ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းကို ဘက်ယန် ပြည်နယ်ရှိ ကွမ်ကျောင်းစက်မှုဥယျာဉ်သို့ ပြောင်းရွှေနေပြီဖြစ်ကြောင်း Tuoi Tre က ဖော်ပြခဲ့သည်။ သို့ရာတွင် စက်ရုံသစ်၌ မည်သည့်ထုတ်ကုန်များ ထုတ်လုပ်မည်နှင့် အရေအတွက် မည်မျှထုတ်လုပ်နိုင်မည်ကိုမူ ပြောကြားထားခြင်း မရှိပေ။

ဗီယက်နမ်အစိုးရက ဖော့စ်ကွန်သည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်း၏နိုင်ငံ၌ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here