၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများအား နစက ဥက္ကဋ္ဌ က ဂုဏ်ပြုဆုများချီးမြှင့်

0
245

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများအား နစက ဥက္ကဋ္ဌ က ဂုဏ်ပြုဆုများချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်ဒိုနီးရှားနိုင်ငံ၊ဆိုလိုမြို့၌ ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားအား သြဂုတ် ၂၀ ရက်(ယနေ့)တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နစက ဥက္ကဋ္ဌက အောင်ပွဲရမသန်စွမ်းအားကစားသမများအား ဂုဏ်ပြုအမှာစကားပြောကြား၍ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုအား ထိုက်တန်စွာဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် အဆင့် ၆ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဆုတံဆိပ်များအား ပြေးခုန်ပစ်မှ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၁ ခု၊ ရေကူးမှ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ မသန်စွမ်းဘောလုံးမှ ကြေးတံဆိပ် ၁ ခု၊ အလေးမမှ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု၊ မြားပစ်မှ ကြေးတံဆိပ် ၁ ခု(စုစုပေါင်း ၄၃ ခု)ရရှိခဲ့ခြင်းဖြစ် သည်။

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ၊ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ဇွန်လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here