တရုတ်သို့ ရုရှားကျောက်မီးသွေး တင်သွင်းမှု ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

0
188

တရုတ်သို့ ရုရှားကျောက်မီးသွေး တင်သွင်းမှု ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

စင်္ကာပူ၊ ဩဂုတ် ၂၀

အနောက်နိုင်ငံများက ယူကရိန်းအရေးအခင်းကြောင့် ရုရှားထံမှ ကျောက်မီးသွေးဝယ်မှုကို ရှောင်ဖယ်ကြစဉ် တရုတ်က လျှော့ဈေးဖြင့် ဝယ်ယူခဲ့သောကြောင့် ဇူလိုင်လတွင် ရုရှားနိုင်ငံမှ တရုတ်သို ကျောက်မီးသွေးတင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ငါးနှစ်အတွင်း အမြင့်ဆုံးအခြေအနေသို ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက ရုရှားနိုင်ငံမှ ကျောက်မီးသွေး တန်ချိန် ၇ ဒသမ ၄၂ သန်းကို တင်သွင်းခဲ့ကြောင်း စနေနေ့တွင် ဖော်ပြခဲ့သော အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ သိရသည်။

၎င်းပမာဏသည် ၂၀၁၇ ခုနှစ်တွင် ကျောက်မီးသွေးဆိုင်ရာ နှိင်းယှဉ်စာရင်းဇယားများ စတင်ပြီးနောက် လစဉ် အမြင့်ဆုံး ကျောက်မီးသွေး တင်သွင်းသည့် ပမာဏ ဖြစ်လာသည်။

ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ ကရင်မလင်ခေါင်းဆောင် ပူတင်၏ စွမ်းအင်ဝင်ငွေကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အနောက်နိုင်ငံများသည် ရုရှားမှ ကုန်စည်များတင်သွင်းခြင်းကို ရှောင်ရှားခဲ့ကြသည်။

ထိုကြောင့် ရုရှားသည် တရုတ်နှင့် အိန္ဒိယကဲ့သိုသော အဝယ်တော်များထံ ၎င်း၏ တင်ပို့ကုန်များကို လျှော့ဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလမှ ဧပြီလ ၁၅ ရက်အထိ ကြာမြင့်သော ဆောင်းတွင်းအပူပေးရာသီအတွက် တရုတ်နိုင်ငံမြောက်ပိုင်းရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ စတင်ကုန်ကြမ်း စုဆောင်းချိန်ဖြစ်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ရုရှားကျောက်မီးသွေးများ တရုတ်နိုင်ငံသို့ပိုမို ဝင်ရောက်လာမည်ဟု တရုတ်ကုန်သည်အချို့က မျှော်လင့်နေကြသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here