၂ဝ၁၇ခုနှစ် သြဂုတ်လမှာ ပြုလုပ်မယ့် ရွှေမန်းဦးချမ်းသာရဲ့ သဘင်သက် နှစ်၎ဝ ဖျော်ဖြေပွဲ

0
186

cham-thar-copy

ရွှေမန်းဦးချမ်းသာက သူ့ရဲ့ သဘင်သက်နှစ်(၄ဝ)ပြည့်ဖျော်ဖြေပွဲကို ရန်ကုန်မှာကပြဖို့ စတင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ ဒီပွဲကိုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ချင်တဲ့အတွက်လည်း သူ့အနေနဲ့ အစစအရာရာ ပြည့်စုံတဲ့အထိဖြစ်အောင် စီစဉ် နေပါတယ်။

“ဦးချမ်းလည်းအသင့်အတင့်လောက်တော့ စပွန်ဆာတွေနဲ့ ညှိနှိုင်းထားပါတယ်။ စပွန်ဆာအင်အား တောင့်မှဖြစ်မှာပါ။ ဦးချမ်းကလည်း နဂိုကတည်းက စိတ်ကလုပ်လိုက်ရင် ခမ်းခမ်းနားနားလုပ်ချင်တာဆိုတော့ ပြဇာတ်တင်ဆက်ကပြရင်ပရိသတ်ကို ဆက်တင် ကြီးတွေ၊ အခမ်းအနားကြီးတွေနဲ့ ပြချင်တဲ့အတွက် ဆက်တင်ပေါင်းများစွာလည်း တီထွင်ခဲ့တာဆိုတော့ အခုပွဲကို လည်း ခမ်းနား ချင်တယ်ဗျာ။ ခမ်းနား ခွင့်ရရင်တော့ ကျွန်တော်တကယ် ပျော်ရမှာပါ။ ထူးတော့ ထူးချင်တယ်ဗျာ။ ကိုယ့်ထက်ထူးသွားတဲ့ လူတွေဆီကလည်း အမှတ်တရတွေ စောင့်ကြည့်ရင်း ကိုယ့်အလှည့်ကျရင် ဘာထူးအောင်ထပ်လုပ်ရမလဲ ဆိုတာ   တွေးနေတာ တွေ  အများကြီးပါပဲ” လို့ပွဲနဲ့ပတ်သက်ပြီး ဦးချမ်းသာက ပြောပါတယ်။

ပွဲကိုတော့ ၂ဝ၁၇ခုနှစ် သြဂုတ်လမှာပြုလုပ်ဖို့ရည်ရွယ်ထားပြီး ဒီလကိုရွေးချယ်ရခြင်းကတော့ ဇာတ်သဘင်ရာသီနား တဲ့ရာသီဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ဦးချမ်းသာက ရန်ကုန်အပြီး မွေးရပ်မြေဖြစ်တဲ့ မန္တလေးမှာလည်း ကပြ ချင်ပြီး ကပြနိုင်ဖို့အတွက် စပွန်ဆာကလည်း အရေးကြီးပါကြောင်း သူက ထပ်ပြောပါတယ်။

“ကိုယ့်မြို့ဖြစ်နေတဲ့အတွက် ပြေးပြီးတောင်ကပြချင်ပါတယ်။ တချို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်းပြောပါတယ်။ ဦးချမ်းလာကချင်ရင်သူတို့ကိုယ်တိုင် ရုံကိုဆောက်ပေးမယ်လို့တောင်ပြောပါတယ်။ကျွန်တော်တို့အနေနဲ့လည်း အားရှိတဲ့ စကားတွေကြားခဲ့ရပါတယ်” လို့ ဦးချမ်းသာက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here