အစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ အကန့်အသတ်အတွင်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်​နေဟုနစက ဥက္ကဌ ဆို

0
236

အစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ အကန့်အသတ်အတွင်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်​နေဟုနစက ဥက္ကဌ ဆို

နိုလင်း​ဟေဇာက မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ်များနှင့် ဆောင်ရွက်သွား မည်ဆိုသည့်အချက်ကို အဆွေတော်ချမှတ်ထားသော ဦးတည်ချက် ၉ ရပ်တွင် သိသာထင်ရှားစွာ မြင်တွေ့ရပါသည်ဟု ဦးစွာ​ပြောကြားခဲ့မူအ​ပေါ် နစက ဥက္ကဌ က ​အောက်ပါအတိုင်း ပြန်လည်​ပြောကြားခဲ့သည်။

 

မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေစဥ် မြန်မာနိုင်ငံ အားမည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။

 

သို့ရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်သည့်ကာလသည် အကန့်အသတ်ရှိပါသည်။

 

နိုလင်း​ဟေဇာပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

ဥပဒေကြောင်းအရပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ပါသည်။

 

အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါသည်။

 

လက်ရှိအခြေအနေ၌ နိုင်ငံတော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။

 

အဓိကအားဖြင့် အဆိုပါကိစ္စများထက် ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည့်ကိစ္စများကိုသာ ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။

အထက်ပါ အချက်များအား ဩဂုတ်လ (၁၉) ရက်တွင် နစကဘက်မှ တွေ့ဆုံဆွေးနွေးမှုအပြည့်အစုံကို ထုတ်ပြန်ခဲ့

သည့်ပြောကြားချက်များမှ ​ကောက်နုတ်ထားခြင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here