သြစတြေးလျလေတပ်ဦးဆောင်သည့် စစ်‌ရေးလေ့ကျင့်မှုကို ဂျာမန်လေယာဉ်ဖြင့်စတင်

0
347

သြစတြေးလျလေတပ်ဦးဆောင်သည့် စစ်‌ရေးလေ့ကျင့်မှုကို ဂျာမန်လေယာဉ်ဖြင့်စတင်

ဆစ်ဒ်နီ၊ဩဂုတ် ၁၉

 

သြစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Pitch Black ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်လျက်ရှိပြီး အင်ဒို – ပစိဖိတ်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်တိုးမြှင့်လာနေသည့် တရုတ်နိုင်ငံကို တားဆီးရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟုသိရှိရသည်။

ယခုလေ့ကျင့်မှုအပြီး လာမည့်လအနှောင်းပိုင်း၌ ဂျပန်နိုင်ငံတွင်ရပ်နားရန် စီစဉ်ထားသည့် ဂျာမနီ၏အဓိကကျသော ယူရိုတိုက်လေယာဉ်( Eurofighters)များအတွက် ပထမဆုံးအင်ဒို – ပစိဖိတ်ဒေသ ဖြန့်ကျက်မှုလည်းဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၈ ရက်အထိ ကျင်းပရန်စီစဉ်ထားသော သုံးပတ်ကြာ‌လေ့ကျင့်မှုတွင်လေကြောင်းရန်ကာကွယ်ရေး နှင့် ဝေဟင်မှဆီဖြည့်ခြင်းတို့ကိုပါ အဓိကထား လုပ်ဆောင်မည်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိက ၊ ယူကေ နှင့် ဂျပန်တို့လည်းပါဝင်ကြောင်း လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။

ယခုလေ့ကျင့်မှု၌ ASDF မှ ဝန်ထမ်း ၁၅၀ နှင့် ဂျပန် F-2 ဂျက်တိုက်လေယာဉ် ခြောက်စီးတို့အပါအဝင် အမှုထမ်း ၂,၅၀၀ ကျော်နှင့် လေယာဉ် ၁၀၀ ကျော် ပါဝင်ခဲ့သည်ဟုဖော်ပြထားသည်။နှစ်နှစ်တစ်ကြိမ်ပြုလုပ်‌လေ့ရှိသည့် ယခုလေ့ကျင့်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ကပ်‌ရောဂါကြောင့်ရပ်နားခဲ့ပြီးနောက် ယခုလေ့ကျင့်မှုသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။

“Pitch Black သည် တိုက်လေယာဉ်များ၏ တိုက်ခိုက်မှုစွမ်းရည်များနှင့်ပါ ပူးတွဲ‌ လေ့ကျင့်သည့် ကြီးမားသောစစ်‌ရေးလေ့ကျင့်မှုမျိုးဖြစ်သည်” ဟု သြစတြေးလျ လေတပ်မှူး Tim Alsop က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီနှစ်မှာ ပါဝင်လေ့ကျင့်တဲ့ နိုင်ငံတော်တော်များများ ဝေဟင်ကနေဆီဖြည့်နိုင်စွမ်း‌လေ့ကျင့်မှုကို မြှင့်တင်နိုင်ဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပါတယ်” ဟုလည်းဖော်ပြထားသည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here