မန္တလေးနှင့်စစ်ကိုင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၈ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

0
341

မန္တလေးနှင့်စစ်ကိုင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၈ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

မန္တလေးနှင့်စစ်ကိုင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၈ ဦးအား သြဂုတ် ၂၀ ရက်က မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊မြင်းခြံမြို့နယ်၊စဉ့်ကူးမြို့နယ်နှင့်စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တို့ရှိ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် PDF အဖွဲ့ဝင်များအား ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်သည်။

အောင်မြေသာစံ၊မြင်းခြံနှင့်တမူးမြို့နယ်တို့မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦးအား အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ခံဝန်ကတိရေးထိုးစေပြီးနောက် မိဘအုပ် ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

အလားတူ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးကိုလည်း စဉ့်ကူးမြို့နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ခံဝန်ကတိရေးထိုးစေပြီးနောက် မိဘများထံပြန်လည်လွဲပြောင်းအပ်နှံပေးခဲ့ကြသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here