ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့

0
201

ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် သြဂုတ် ၁၈ ရက်နံနက်ပိုင်းနှင့်နေ့လည်ပိုင်းတို့က စိတ်ကြွ ဆေးပြားများဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

 

ယင်းနေ့နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(အ ရှေ့ပိုင်း)မြို့နယ်၊ ၈ ရပ်ကွက်၊ဗေဒါ (၂)လမ်းနေ ကိုဝေလင်း(၂၆)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

 

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်းမှစိတ်ကြွဆေးပြား ၃၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် စစ် ဆေးရာ စိတ်ကြွဆေးပြားရောင်းချသူ ကိုကျော်ကိုကို(၃၀)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ ၄၆ ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်း၌ စိတ်ကြွ ဆေးပြား ၆၉၆၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ နေ့လည် ၃ နာရီခွဲတွင်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊မာလာမြိုင်လမ်းနေ ကျော်ကိုကိုထက်(ခ)မှန်ကြီး(၂၉)နှစ် ၏နေအိမ်မှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

 

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here