မိုင်းဖုန်းဆရာတော်ကြီး သြဂုတ် ၂၂ ရက်(မနက် ဖြန်)၌ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ပြန်လည်ကြွရောက်မည်

0
526

မိုင်းဖုန်းဆရာတော်ကြီး သြဂုတ် ၂၂ ရက်(မနက် ဖြန်)၌ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ပြန်လည်ကြွရောက်မည်

မိုင်းဖုန်းဆရာတော်ကြီးသည် ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ သြဂုတ် ၂၂ ရက် (မနက်ဖြန်)တွင် ကြွရောက်လာပြီးနောက် မိုင်းဖုန်း (ခ)၊ ပါဆာလွန်းလိန်းကျောင်းတိုက်သို့ ဆက် လက်ကြွရောက်မည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း တန့်ယန်း)က မိန့်ကြားခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ကျန်းမာရေးအ နည်းငယ်ချို့ယွင်းခဲ့သဖြင့် ထိုင်းနိုင်ငံ၊ဘန် ကောက်ဆေးရုံကြီးတွင် ထိုင်းဘုရင့်လူနာအဖြစ် သြဂုတ် ၁၀ ရက်ကစတင်၍ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရောဂါပြန်လည်သက်သာလာသဖြင့် သြဂုတ် ၁၈ ရက်ညနေပိုင်း ဆေးရုံမှပြန်ဆင်းလာခဲ့ပြီးနောက် ချင်းရိုင်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးပြန်လည်ကြွရောက်လာချိန်၌ ဒကာ၊ဒကာမများအနေဖြင့် ဆ ရာတော်ကြီးသီတင်းသုံးတော်မူမည့် ပါဆာလွန်းလိန်းကျောင်းတိုက်(မိုင်းဖုန်းကျောင်း)သို့လိုက်ပါသွားခြင်းမပြုကြရန် တောင်တန်းသာသနာပြု ဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း တန့်ယန်း)က မိန့်ကြားခဲ့သည်။

ထို့ကြောင့် မိုင်းဖုန်းဆရာတော်ကြီးကြွလာချိန်၌ ဖူးမြှော်မည့်သူများသည် လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မိမိတို့​၏အိမ်ရှေ့မှနေကာ ဖူးမျှော်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

အလားတူ မိုင်းဖုန်းဆရာတော်ကြီးသည် ဝါတွင်းကာလဖြစ်၍ သီတင်းသုံးတော်မူမည့် ပါဆာလွန်းလိန်းကျောင်းတိုက်တွင် မည်သူကိုမှဖူးတွေ့ခွင့်မပြုဘဲ ဧကစာရီတစ်ပါးတည်း တရားအားထုတ်မေတ္တာပို့သွားမည်ဖြစ်သည်။

“သီတင်းကျွတ်မှပဲ ဆရာတော်က အဖူးမျှော်ခံမယ်ဆိုတာကို ရပ်နီးရပ်ဝေးကဒကာဒကာမအား လုံးကို အသိပေးအပ်ပါတယ်”ဟု တောင်တန်းသာ သနာပြုဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း တန့်ယန်း)က မိန့်ကြားခဲ့သည်။

အလားတူ မိုင်းဖုန်းဆရာတော်ကြီးသည် ဝါကျွတ်ပြီးပါက အနယ်နယ်အရပ်ရပ်သို့ သာသနာပြုခရီး စဉ်များလှည့်လည်ကြွချီမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here