ကော့ကရိတ်နှင့်မြ၀တီမြို့တို့တွင် အမိုနီယမ်နိုက်ထရိတ်များဖမ်းဆီးရမိ

0
209

ကော့ကရိတ်နှင့်မြ၀တီမြို့တို့တွင် အမိုနီယမ်နိုက်ထရိတ်များဖမ်းဆီးရမိ     

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နှင့်မြဝတီမြို့တို့တွင် သြဂုတ် ၂၀ ရက်ညနေပိုင်းက ခရီးသည်တင်ကားပေါ်နှင့် Canter ကားပေါ်တို့မှ အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့၊တံတားကျိုးပူးပေါင်းစစ်ဆေးရေးစခန်း၌ မြ၀တီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ကိုမောင်(၃၉)နှစ်မောင်းကာ ကျော်ဇင်အောင်(၃၁)နှစ်နှင့်ရဲ၀င်းပိုင်(ခ)ရဲကြီး (၂၈)နှစ် တို့လိုက်ပါလာသည့် SUNLONG အမျိုးအစား ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်၌သိုဝှက်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်(၁၀၀၀ ကီလို) အား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးခဲ့ကြသည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ည မြ၀တီမြို့၊အမှတ်(၂)ချစ် ကြည်ရေးတံတားလမ်းတွင် ကျော်မျိုးမင်း(ခ)ဖိုးကျော်(ခ)ကျော်ကြီး(၄၂)နှစ် မောင်းနှင်လာသည့် CANTER ကားအားစစ်ဆေးရာ ကားပေါ်ရှိ ဆာ လာအိတ်များအတွင်းမှ အမိုနီယမ်နိုက်ထရိတ် (၂၀၀၀ ကီလို)အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာမြို့မရဲစခန်းများက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here