ကချင်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ တစ်သျှူးငှက် ပျောစိုက်ပျိုးထုတ်လုပ်ရန် ကုမ္ပဏီ (၂) ခုက ပြည်နယ်အ စိုးရထံခွင့်ပြုချက်တောင်း

0
161

ကချင်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ တစ်သျှူးငှက် ပျောစိုက်ပျိုးထုတ်လုပ်ရန် ကုမ္ပဏီ (၂) ခုက ပြည်နယ်အ စိုးရထံခွင့်ပြုချက်တောင်း

ကချင်ပြည်နယ်အတွင်း နိုင်ငံတကာ အရည်အသွေးမီ တစ်သျှူး ငှက်ပျော စိုက်ပျိုးထုတ်လုပ်ပြီးတင်ပို့ဖြန့်ဖြူးနိုင်ရန်အတွက်အတွက် ကုမ္ပဏီ (၂) ခုက ခွင့်ပြုချက် တောင်း ခံထားကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေးကို ဩဂုတ်လ (၁၉) ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံနှင့် ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို တွန်း အားပေး ဆောင်ရွက်နေသည့်အတွက် ဥပဒေ လုပ်ထုံးလု ပ်နည်းနှင့်အညီ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်ခွင့်ပြု ချက် တောင်းခံမှုများအပေါ်  စနစ်တကျ စစ်ဆေးပြီး ခွင့်ပြုပေးနိုင်ရေး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း ပြည် နယ်ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးများ လုပ်ဆောင်လျက်ရှိပြီး တရုတ် – မြန်မာနယ်စပ် ကုန်သွယ် ရေးစခန်းများဖြစ်သည့် ကန်ပိုက်တီ နှင့် လွယ်ဂျယ် နယ် စပ် ကုန်သွယ်ရေး စခန်းများမှတဆင့် တရုတ်နိုင်ငံအပါ အဝင် နိုင်ငံတကာသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ တစ်သျှူး ငှက်ပျော စိုက်ပျိုးခြင်းကို တရုတ်နိုင် ငံသားများက အဓိက လုပ်ဆောင်နေကြခြင်းဖြစ်ပြီး ဒေ သခံများထံမှ မြေငှားရမ်း စိုက်ပျိုးသည့် ပုံစံမျိုး အများအားဖြင့် လုပ်ဆောင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် တစ်သျှူး ငှက်ပျောတန်ချိန် (၈) သိန်း‌ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကျော် ရရှိခဲ့ကြောင်း ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ၏ စာရင်းဇယားများအရ သိရသည်။

ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူး ငှက်ပျောများကို တရုတ်နိုင်ငံ ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ စွေကျုံး၊ ဝုဟန်၊  ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များသို့ အဓိကတင်ပို့ပြီး နိုင်ငံတကာဈေးကွက်သို့ တဆင့်ခံ တင်ပို့မှုများ ရှိကြောင်းလည်း သိရသည်။

တစ်သျှူးငှက်ပျော တင်ပို့မှုမှရရှိသည့် ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်း ကောက်ခံရရှိမှုအနေဖြင့် ပြီးခဲ့သည့် ၂၀ ၁ ၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄၀ဝ ကျော်၊၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါ င်း၂၁၀ဝ ကျော် ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ  ဒီဇင်ဘာလအထိ ကျပ်သန်းပေါင်း ၃၀ဝ၀  ကျော် ကောက်ခံရရှိခဲ့ကြောင်း စီးပွားကူးသန်း၏ စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here