CDM ပညာရေး ဝန်ထမ်း ၃၀၀၀ ကျော်နှင့် PDF သင်တန်း ဆင်း ၂၀၀ ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရော က်လာဟု နစက သတင်းထုတ်ပြန်

0
219

CDM ပညာရေး ဝန်ထမ်း ၃၀၀၀ ကျော်နှင့် PDF သင်တန်း ဆင်း ၂၀၀ ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရော က်လာဟု နစက သတင်းထုတ်ပြန်

နစကအနေဖြင့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျော င်းသူများနှင့် လူငယ်၊ လူရွယ်များကို ဥပဒေဘောင် အတွ င်း ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်မှုများ လုပ်ဆောင်လျက်ရှိရာ ယနေ့အထိ ပညာရေးဝန်ထမ်း (၃၀၀၀) ကျော်နှင့် PDF သင်တန်းဆင်း (၂၀၀) ကျော် ဥပဒေဘောင်အ တွင်း ပြန်လည် ဝင်ရောက်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ (၂၀) ရက် နစက၏ သတင်းထုတ်ပြန်ချက်အ ရ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသည့် CDM ပညာရေးဝန်ထမ်း (၃၁၅၆) ဉီးနှင့် PDF သင်တန်းဆင် (၂၃၁) ဦး ရှိကြောင်း သိရသည်။

ထို့အပြင် နစကမှ ရေးဖွင့်ထားသည့် အမှုများအား ပိတ်သိမ်းပေးရန် ဆက်သွယ်တောင်းဆိုလာသူ (၁၀၀၉) ဦး ရှိကြောင်းလည်း နစက၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ များကို မိဘများထံ ပြန်လည်အပ်နှံပေးလျက်ရှိပြီး ထပ်မံ ဝင်ရောက်လာလိုသူများအား ပိုမို၍လက်ခံနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအ နေဖြင့်လည်း ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေးစ ခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက် ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအ သင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှု ဝန် ထမ်းရုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့အသီးသီးသို့ ဆက်သွယ်နိုင်ကြောင်းလည်း နစက က အသိပေးထား သည်။

ထို့အပြင် မြန်မာနိုင်ငံ ပြင်ပတွင်ရောက်ရှိ နေသူများအ တွက်လည်း နယ်စပ်ဒေသအသီးသီးတွင် ကြိုဆိုရေးစ ခန်း များ ဖွင့်လှစ်ကာ ပြန်လည်လက်ခံနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here