တရုတ်ရှိ ယန်စီမြစ်ရေကျဆင်းပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတွေ့ရှိ

0
323

တရုတ်ရှိ ယန်စီမြစ်ရေကျဆင်းပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတွေ့ရှိ

ပေကျင်း၊ဩဂုတ် ၂၀

ယန်စီမြစ်ရေကျဆင်းမှုကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ချင်းမြို့အနီး၌ နစ်မြုပ်နေသည့် ကျွန်းတစ်ကျွန်းနှင့်နှစ်ပေါင်း ၆၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော် သုံးဆူကိုတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာကဖော်ပြခဲ့သည်။

Foyeliang ဟုခေါ်သော ကျွန်းသန္တာကျောက်တန်း၏အမြင့်ဆုံးအပိုင်းတွင်တွေ့ရှိခဲ့သော အဆိုပါရုပ်ပွားတော် ၃ ဆူကို မင်နှင့်ချင်မင်းဆက်အချိန်များအတွင်း ထုထွင်းတည်ဆောက်ခဲ့သည်ဟု ကနဦးသတ်မှတ်ထားသည်။ရုပ်ပွားတော်များထဲမှတစ်ဆူသည် ကြာပန်းခုံပေါ်တွင် ထိုင်နေသောပုံထွင်းထုထားသည်ဟုဆိုသည်။


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် မိုးခေါင်မှုနှင့်အပူလှိုင်းကြောင့် ယန်စီမြစ်ရေသည် လျင်မြန်စွာကျဆင်းလျက်ရှိသည်။ယန်စီမြစ်ဝှမ်းအတွင်း မိုးရေချိန်သည် ဇူလိုင်လကတည်းက ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းခန့်လျော့နည်းနေပြီး အပူချိန်မြင့်မားမှုသည် အနည်းဆုံးနောက်တစ်ပတ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများကဆိုသည်။


ချန်ချင်းရှိ ခရိုင် ၃၄ ခုတွင် မြစ် ၆၆ စင်းခန့်ခန်းခြောက်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က သြဂုတ်လ ၁၉ ရက် သောကြာနေ့တွင်ပြောကြားခဲ့သည်။

ဥရောပတစ်ဝှမ်း၌လည်း ရက်သတ္တပတ်များစွာကြာသော အပူချိန်မြင့်တက်မှုမှတစ်ဆင့် မိုးခေါင်ရေရှားပြီး မြုပ်နေသောရတနာများပြန်လည်တွေ့ရှိခဲ့သည်ဟုဖော်ပြထားသည်။

Source – Reuters/yb/fh


LEAVE A REPLY

Please enter your comment!
Please enter your name here