ဂျပန်ဝန်ကြီးချုပ်ကိုရိုနာဗိုင်းရပ် အသစ်ကူးစက်ခံရ

0
232

ဂျပန်ဝန်ကြီးချုပ်ကိုရိုနာဗိုင်းရပ် အသစ်ကူးစက်ခံရ

တိုကျို၊ ဩဂုတ် ၂၁ ရက်

ဂျပန်ဝန်ကြီးချုပ် ဖူမီယီု ကီရှီဒါသည် ၎င်း၏ တာဝန်များ ပြန်လည်မထမ်းဆောင်မီ တစ်ရက်အလို ဩဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးအသစ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့ရာတွင် ၎င်း၏ ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

ကီရှီဒါ သည် စနေနေ့ညမှစ၍ အဖျားအနည်းငယ်တက်ခြင်းနှင့် ချောင်းဆိုးခြင်းစသော လက္ခဏာများ စတင်ခံစားရကြောင်း ၎င်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကီရှီဒါသည် ယခုအခါအစိုးရအိမ်‌ေတာ်တွင် တစ်ကိုယ်တည်း သီးသန့်နေကာ အနားယူနေပြီး ရောဂါလက္ခဏာများ ပို၍ဆိုးရွားလာခြင်းမရှိပါက တနင်္လာနေ့မှစ၍ ၎င်း၏ တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ဖွယ်ရှိကြောင်း ၎င်းရုံးက ပြောကြားခဲ့သည်။

ကီရှီဒါသည် သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တူနီးရှား၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် အာဖရိကဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တိုကျိုအပြည်ပြည်ဆိုင်ရာညီလာခံ (TICAD) သို့ တက်ရောက်ရန် စီစဉ်ထားကြောင်း အဆိုပါရုံးမှ သိရသည်။

သို့ရာတွင် ကီရှီဒါမှာ ဩဂုတ်လ ၃၀ ရက်အထိ တစ်ယောက်တည်း သီးသန့်နေရမည်ဖြစ်သောကြောင့် ထိုညီလာခံအား အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန် စဉ်းစားနေရကြောင်း သိရသည်။

ကီရှီဒါသည် TICAD ပြီးနောက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းဖွယ်ရှိသည်။

ကီရှီဒါသည် ၎င်း၏ စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ထိုးနှံ့ခဲ့ကာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ လက်နက်ချခြင်း ၇၇ နှစ်မြောက် အခမ်းအနားကို တက်ရောက်ပြီးနောက် ၎င်း၏နွေရာသီအားလပ်ရက်ကို ပြီးခဲ့သည့် တနင်္လာနေ့ နေ့လည်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

Source: KyodoNews


LEAVE A REPLY

Please enter your comment!
Please enter your name here