ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
225

ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(စျ)ရပ် ကွက်၊ ၁၃၄ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားတွင် သြဂုတ် ၂၂ ရက်(ယနေ့)နံနက်ပိုင်းက မြေအရောင်းအဝယ်ပြုလုပ်သည့် ဦးစိုးနှင်းသည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက စက်မှုစျေးတွင် စျေးဝယ်နေသည့် ဦးစိုးနှင်းအား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးနှင်း၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အခု သေနတ်နဲ့ပစ်ခံရတဲ့လူက မြေအရောင်းအဝယ်လုပ်နေတဲ့လူတစ်ယောက်ပါ ဘာအကြောင်းနဲ့ပစ်ခံရတယ်ဆိုတာတော့ စုံစမ်းဆဲပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် ဦးစိုးနှင်း၏ ရုပ်အလောင်းအား လူမှုကူညီအသင်းကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here