မိုးမိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်လျက်ရှိ

0
236

မိုးမိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်အတွင်း သြဂုတ် ၂၅ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်မှစတင်၍ မိုးသည်း ထန်စွာရွာသွန်းလျက်ရှိကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မိတ်ချောင်းရေမြင့်တက်ကာ ရွှေဇာလီကျေးရွာအုပ်စု၊အုန်းကြောကျေးရွာ(ဟောင်း)၊မြောက်ပိုင်းရပ် ကွက်၊နမ့်ခမ်းအင်းရပ်နှင့်တောင်ပိုင်းရပ်ကွက်၊အုံဒုံးရပ် မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

“လတ်တလောရေက လူကြီးတစ်ယောက် ခါးလောက်အမြင့်ထိရှိနေတယ် တစ်ချို့အိမ်တွေကနိမ့်တော့ အိမ်တွေထဲအထိရေဝင်နေတာပေါ့ဗျာ အဲ ဒီရေဝင်နေတဲ့အိမ်တွေကလူတွေကိုတော့ ရေလွတ်တဲ့နေရာ ရွှေ့ပေးနေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအ တွင်း နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များဇနှင့်လူမှုကူညီရေးအသင်းများက ရေလွတ်ရာနေ ရာများသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

အလားတူ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်နေ၍ ဖြတ်သန်းသွားလာသူများအ ဆင်ပြေစေရန်နှင့်ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင် အဆင်ပြေစေရန်အတွက် လမ်းအမှတ် အသားများပြုလုပ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here