ပုသိမ်ကြီးမြို့နယ်၌ စည်ပင်အရာရှိတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

0
135

ပုသိမ်ကြီးမြို့နယ်၌ စည်ပင်အရာရှိတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊လက်ကောင်းကျေးရွာရှိ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းတွင် သြဂုတ် ၂၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က ပြင်ဦးလွင်ဘက်မှမန္တလေးဘက်သို့ အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့်မောင်းနှင်လာကာ လက်ကောင်းကျေးရွာရှိ မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၏ လမ်းလယ်ကျွန်းအား မြေဖို့ခြင်းနှင့်သန့်ရှင်းရေးပြုလုပ်နေသည့် မန္တလေးမြို့တော်စည်ပင်မှဝန်ထမ်းများအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကြီးကြပ်နေသည့် မန္တလေးမြို့တော်စည်ပင်မှ ဦးစီးအရာရှိဦးအောင်ကျော်ဆန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ ဦးအောင်ကျော်ဆန်းအား ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ပို့ဆောင်စဥ် ရရှိထားသည့် ကျည်ထိမှန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here