အဝေးပြေးခရီးသွားကားလက်မှတ်များရောင်းချရာတွင် အချက်အလက်ပြည့်စုံစွာရယူပြီးမှသာရောင်းချခွင့်ပြု

0
256

အဝေးပြေးခရီးသွားကားလက်မှတ်များရောင်းချရာတွင် အချက်အလက်ပြည့်စုံစွာရယူပြီးမှသာရောင်းချခွင့်ပြု

အဝေးပြေးခရီးသည်တင်ကားများဖြင့် ခရီးသွားမည်သူများအား ကားလတ်မှတ်ရောင်းချရာတွင် ခရီးသည်၏ အချက်အလက်အပြည့်အစုံအားရယူပြီးမှသာရောင်းချခွင့်ပြုခဲ့သည်ဟု သိရသည်။

ထိုသို့ ခရီးသည်၏အချက်အလက်ပြည့်စုံမှသာ ကားလတ်မှတ်ရောင်းချခွင့်ပြုခြင်းအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ခရီးသွားပို့ဆောင်ရေးယာဥ်များအသင်းသို့ ထုတ်ပြန်အကြောင်းကြားခဲ့သည်။

“ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက လွန်ခဲ့တဲ့ ရက်က ညွှန်ကြားတာတော့ရှိတယ် ခရီးသည်နာမည်၊နိုင်ငံသားစစ်ဆေးရေးကဒ်၊နေရပ်လိပ်စာ၊ဆက်သွယ်ရမယ့် ဖုန်းနံပါတ် အဲ့တာတွေကို ပြည့်ပြည့်စုံစုံယူပြီးမှသာ ကားလက်မှတ်ရောင်းချဖို့ဆိုပြီး ညွှန်ကြားခဲ့တာပါ”ဟု နေပြည်တော်မော်တော်ယာဥ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အ ဝေးပြေး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့ရာတွင် ၂၀၂၀ ပြည့်နှစ်ကလည်း နေပြည်တော်ကောင်စီအနေဖြင့် ထိုသို့ ဆောင်ရွက်မှုများပြု လုပ်ရန် ညွှန်ကြားထားခြင်းများလည်းရှိသည်ဟု သိရသည်။

“အရင့်အရင်ထဲက ရှိပါတယ် အဲ့လိုလုပ်နေတဲ့အ တွက်လဲ နေ့စဥ်ခရီးသည်တင်ကားဘယ်လောက်ထွက်တယ် ခရီးသည်ဘယ်လောက်ပါတယ် ဒါလေးတွေလဲသိနေရတာပေါ့ သက်ဆိုင်ရာလုံခြုံ ရေးဂိတ်တွေမှာလဲ အဲ့ဒီစာရင်းတွေ ထိုင်ခုံဇယားတွေကို ပေးခဲ့ရတယ်”ဟု အဆိိုပါ တာဝန်ရှိသူကဆက်ပြောသည်။

လက်ရှိအချိန်၌ ခရီးသည်များ၏ အချက်အလက်အပြည့်အစုံအား ရယူပြီးမှသာ ကားလတ်မှတ်ရောင်းချရန် စာဖြင့်ထုတ်ပြန်ရခြင်းမှာ ဌာနအနေဖြင့် လိုအပ်ချက်များရှိ၍ ထပ်မံပြီးညွှန်ကြားသည့်သဘောဖြစ်သည်ဟု သိရသည်။

နေပြည်တော်အားအခြေစိုက်၍ မြို့ပေါင်း ၆၁ အးမြို့သို့ ကားလိုင်းပေါင်း ၁၁၁ လိုင်းဖြင့် နေ့စဥ် ခရီး သည်များအားတင်ဆောင်ပြေးဆွဲပေးလျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here