နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့မှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

0
197

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့မှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်(PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒု-ဥက္ကဋ္ဌ တို့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲတို့ သြဂုတ် ၂၃ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲများကိုယ်စား ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။  

ထို့နောက် ဖွဲစည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့်ဇယား ၂ တိုင်းဒေသကြီး(သို့)ပြည်နယ်ဥပဒေပြုစာရင်းတိုနှင့်ပတ်သက်၍ ညှိနှိင်းရေးကော်မတီအဖွဲဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်  ရှင်းလင်းဆွေးနွေးခဲ့သည်။

အလားတူ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်အဆင့်လိုက်အကောင်အထည်ဖော်မှုများ (ဇယား ၂)အား ညှိနှိင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်က ဆက်လက်ဆွေးနွေးခဲ့သည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့မှကိုယ်စားလှယ်များက ၎င်းတို့၏သဘောထားများ၊လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သြဂုတ် ၂၄ ရက်(မနက်ဖြန်)၌ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲဝင်၊ပြည်ထောင်စုအစိုးရ အဖွဲရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒု-ဥက္ကဋ္ဌ ခွန်ထွန်းတင်၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊အထွေ ထွေအတွင်းရေးမှူး ကျာယာကုတ်၊ ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here