ဗဟိုဘဏ် ရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း (၃၀၀၀) ကျပ်နား ကပ်လာ

0
296

ဗဟိုဘဏ် ရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း (၃၀၀၀) ကျပ်နား ကပ်လာ

ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာရည်ညွှန်းဈေးနှင့် (၃) ရာခိုင်နှုန်းသာ ကွာဟရောင်းဝယ်ကြရန် ညွန်ကြားချက် ထုတ်ပြန်ထားသော်လည်း ယနေ့ ညနေပိုင်း ဒေါ်လာဈေးကွက်တွင် ကျပ် (၃၀၀၀) ဝန်းကျင် ဈေးပေါက်နေကြောင်း သိရသည်။

ယခုလအစောပိုင်းက ဗဟိုဘဏ်၏ သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (၂၁၀၀) ကျပ်နှင့် (၃) ရာခိုင်နှုန်းသာ ကွာဟ၍ အရောင်းအဝယ် ပြုလုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ (၂၃) ရက် ညနေပိုင်း ရန်ကုန် ဒေါ်လာအ ရောင်းအဝယ်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေသည့် ဈေးနှုန်းမှာ အမေရိကန် (၁) ဒေါ်လာလျင် (၂၉၇၀) ကျပ်နှင့် (၂၉၈၀) ကျပ် အသီးသီး ဈေးပေါက်နေပြီး ဗဟီုဘဏ် သတ်မှတ်ဈေးနှုန်းနှင့် ကျပ်(၈၀၀) ကျော် ကွာဟနေခြင်း ဖြစ်သည်။

နစကက ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းများ၏ နိုင် ငံခြား ‌ဝင်ငွေများအပေါ် ကန့်သတ်မှုများ လုပ် ဆောင်ခဲ့ရာမှ ‌ပြည်တွင်း ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ပေါ်ကာ ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ငွေဈေးက စားသူများ၏ ဈေးနှုန်းကစားမှုကြောင့် ဒေါ်လာတန်ဖိုး ထိန်းချုပ်ရန် ဗဟိုဘဏ်ကိုယ်တိုင် အကြပ်ရိုက်နေခြင်း ဖြစ်ကြောင်း ပြည်တွင်းငွေရေးကြေးရေး ကျွမ်းကျင်သူ များက သုံးသပ်မှုများလည်း ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းနှင့် ဇွန်လကုန်ပိုင်းတွင် ကျပ် ၂၀၀၀ စွန်းစွန်းသာ ပေါက်ဈေးရှိသည့် ဒေါ်လာဈေးနှုန်းသည် ဇူလိုင်လနှင့် ဩဂုတ်လ ပထမပတ်အ တွင်း တဖြေးဖြေး မြင့်တက်လာရာမှ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာခြင်း ဖြစ်သည်။

ဩဂုတ်လ (၁၇) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် နစက ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွှေဈေး၊ ဒေါ်လာဈေးနှင့် ဆန်ဈေး၊ ဆီဈေးများအပါအဝင် အခြေခံ ကုန်ဈေး နှုန်းများကို ဈေးကစားသူများအနေဖြင့် အလွန်အကျွံလုပ်ဆောင်လာပါက လုပ်သင့်လုပ်ထိုက်သည့်အတိုင်း အရေးယူဆောင်မည်ဟု သတိပေး ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here