ဘရူနိုင်းဘုရင်နှင့် မိဖုရားတို့ စင်္ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည်

0
587

ဘရူနိုင်းဘုရင်နှင့် မိဖုရားတို့ စင်္ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည်

စင်္ကာပူ၊ ဩဂုတ် ၂၃

ဘရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုခိုင်ယာ သည် စင်္ကာပူသမ္မတ ဟာလီမာ ယာကေ့ာဘ် ၏ ဖိတ်ကြားချက်အရ သြဂုတ် ၂၄ ရက် ဗုဒ္ဓဟူးနေ့ မှ သြဂုတ် ၂၅ ရက် ကြာသပတေးနေ့အထိ စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်၌ ဘရူးနိုင်းဘုရင်နှင့်အတူ ၎င်း၏ မိဖုရား၊ အခြားသော တော်ဝင်မျိုးနွယ်များ၊ ဘရူနိုင်းနိုင်ငံ ဝန်ကြီးများနှင့် အကြီးတန်း အရာရှိများပါ လိုက်ပါလာမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၃ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

၎င်းခရီးစဉ်သည် ဘရူးနိုင်းဆူလတန်၏ ပဉ္စမအကြိမ်မြောက် စင်ကာပူနိုင်ငံခရီးစဉ် ဖြစ်လာမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ထားခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဘရူနိုင်းဆူလတန်နှင့် မိဖုရားတို့သည် စင်္ကာပူနိုင်ငံမှ မျိုးစပ်ထားသည့် သစ်ခွပန်းအသစ်အား ဒန်ဒရိုဘီရမ် ဟက်ဆာနယ် ဆာလီဟာ ဟူ၍ ၎င်းတို့၏ အမည်ကို အစွဲပြုပေးခြင်းဖြင့် ဂုဏ်ပြုသည်ကို လက်ခံသွားမည်ဖြစ်သည်။

၎င်းတို့ကို အီစတာနာ အစိုးရပိုင်ရုံးတွင် အခမ်းအနားဖြင့် ကြိုဆိုလက်ခံမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် စင်္ကာပူသမ္မတနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး မဒမ်ယာကော့ဘ်က ၎င်းတို့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုထမင်းစားပွဲကို ဦးဆောင်ကျင်းပသွားမည် ဖြစ်သည်။ 

ဝန်ကြီးချုပ် လီရှန်လွန်းနှင့် မစ္စစ်လီတို့သည်လည်း ဘရူနိုင်းဆူလတန်နှင့် မိဖုရားတို့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။

ထို့အပြင် ဘရူနိုင်းဆူလတန်နှင့် မိဖုရားတို့သည် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သည့် လောရန့်စ် ဝမ်နှင့် မစ္စစ်ဝမ်တို့ထံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here