အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာ ကျပ်သန်းပေါင်း၂၅၉,၆၇၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃,၃၂ ၆,၇၄၆ နစ်နာဆုံးရှုံးခဲ့ဟု နစက ထုတ်ပြန်

0
382

အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာ ကျပ်သန်းပေါင်း၂၅၉,၆၇၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃,၃၂ ၆,၇၄၆ နစ်နာဆုံးရှုံးခဲ့ဟု နစက ထုတ်ပြန်


၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ အဂတိလိုက်စားမှု (၁၀၈) မှု ရှိခဲ့ပြီး နိုင်ငံတော်အတွက် မြန်မာငွေ ကျပ်သန်းပေါင်း (၂၅၉,၆၇၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၁၃,၃၂၆,၇၄၆) ခန့် နစ်နာဆုံးရှုံးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ (၂၃) ရက် ညနေပိုင်းက အဆိုပါ အဂတိလိုက် စားမှုနှင့် ပတ်သက်၍ နစကက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ အဂတိ လိုက်စားခဲ့မှု တိုင်တန်းမှုများအရ စိစစ်ဖော်ထုတ်ပြီး တ ရားစွဲတင်ပို့ခဲ့သည့် ရာဇဝတ်ကြီးမှု (၁၈၆) မှုနှင့် ရာဇဝတ်အထွေထွေမှု (၄၅) မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုများအနက် ယခင်ပြည်ထောင်စု အစိုးရဝန် ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့သူများ၊ လုပ်ပိုင်ခွင့်ရှိသူ များ ပါဝင်ပတ်သက်သည့် အဂတိလိုက်စားမှု (၁၀၈) မှု ရှိကြောင်း သိရသည်။

အဆိုပါ အဂတိ လိုက်စားမှုများတွင် အစိုးရစီမံကိန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတော်နှင့်ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ မိမိကိုယ်ကျိုးစီးပွားရှာခြင်း၊ နိုင်ငံတော်၏ မြေယာပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုလုပ်ခြင်းများ ပါ ဝင်နေကြောင်းလည်း နစက၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

အဆိုပါ အဂတိလိုက်စားမှုများအရ နိုင်ငံတော်ဘဏ္ဍာ နစ် နာဆုံးရှုံးစေခဲ့သည့်အမှု (၁၀၈) မှုရှိကာ နိုင်ငံတော်အနေ ဖြင့် မြန်မာငွေကျပ် သန်းပေါင်း(၂၅၉,၆၇၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၁၃,၃၂၆,၇၄၆) ခန့် နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်။

NLD အစိုးရ လက်ထက်တွင် အဂတိလိုက်စားမှုနှင့် ပတ် သက်၍ ကျော်ဇောသတင်းများ ရှိခဲ့သော်လည်း စိစစ်ဖော်ထုတ်အရေးယူမှု အားနည်းခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ(၃၁)ရက်အထိ နိုင်ငံတော်နစ်နာဆုံးရှုံးမှုဖြင့် တရားစွဲဆိုဆောင်ရွက်ခဲ့သည့် အမှု (၃) မှုသာရှိခဲ့ပြီး မြန်မာငွေကျပ်သန်း (၂၀)နှင့် ယူရိုငွေ ၂၅၅, ၉၃၀ ဒသမ ၆၉ နစ်နာဆုံးရှုံးခဲ့မှုကိုသာ ဖော်ထုတ်အရေး ယူနိုင်ခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ချကတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here