စက်သုံးဆီရည်ညွန်းဈေး သတ်မှတ်ချက်တွင်ပင် ၂၅၀၀ ကျပ် ကျော်အထိ ဖြစ်လာ

0
420

စက်သုံးဆီရည်ညွန်းဈေး သတ်မှတ်ချက်တွင်ပင် ၂၅၀၀ ကျပ် ကျော်အထိ ဖြစ်လာ

စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက်ပြန်တက်လာရာမှ ယနေ့ ဩဂုတ်လ (၂၄) ရက် နစက၏ ရည်ညွှန်းဈေး နှုန်း၌ပင် ၂၅၀၀ ကျပ်ကျော်အထိ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် ဈေးနှုန်းမငြိမ်သက်မှုများ ဖြစ်ပေါ်နေရာမှ ပြီးခဲ့သည့် အပတ်အတွင်း အကျဘက်သို ဦးတည်နေရာမှ တစ်စတစ်စ ပြန်လည် မြင့်တက်လာနေခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ (၂၄) ရက် နစက လက်အောက်ရှိ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ရည်ညွှန်းဈေးနှုန်းတွင် (95) တစ်လီတာလျင် ၂၅၂၅ ကျပ်၊ (92) တစ်လီတာလျင် ၂၄၄၀ ကျပ်အဖြစ် ရည်ညွှန်း သတ်မှတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်မြိုအတွင်းရောင်း ချရမည့် ရည်ညွှန်းဈေးနှုန်း ဖြစ်ပြီး မန္တလေးတိုင်းတွင် 95 တစ်လီတာလျင် ၂၅၇၀ ကျပ်၊ 92တစ်လီတာလျင် ၂၄၈၅ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်း သတ်မှတ်ထား ခြင်း ဖြစ်သည်။

အလားတူ မြစ်ကြီးနားတွင် 95 တစ်လီတာလျင် ၂၆၅၀ နှင့် 92 တစ်လီတာလျင် ၂၅၆၅ ကျပ်၊ စစ်တွေမြိုတွင် ၂၆၆၅ ကျပ်နှင် ၂၅၈၀ ကျပ်၊ လားရှိးတွင် ၂၆၀၅ ကျပ်နှင့် ၂၅၂၀ ကျပ် ၊ တောင်ကြီးမြိုတွင် ၂၆၀၅ ကျပ်နှင့် ၂၅၂၀ ကျပ်၊ လွိင်ကော်တွင် ၂၆၁၀ ကျပ်နှင့် ၂၅၂၅ ကျပ်၊ ဟားခါးတွင် ၂၈၂၅ ကျပ်နှင့် ၂၇၄၅ ကျပ် နှင့် ကျိုင်းတုံတွင် 95 တစ်လီတာ ၂၉၄၅ ကျပ်နှင့် 92 တစ်လီတာ ၂၈၈၅ ကျပ်ဖြင့် အသီးသီးရောင်းချရန် ဈေးနှုန်း ရည်ညွှန်း သတ်မှတ်ထားသည်။

ပြည်တွင်း ဒေါ်လာဈေးကွက် မတည်မငြိမ်ဖြစ်ရာမှ စတင်ကာ ဈေးနှုန်းမြင့်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများသည် ယနေ့ ဩဂုတ်လ ပေါက်ဈေးနှင့် နှိင်းယှဉ်ကြည့်ပါက (၂) လ ဝန်းကျင်အတွင်း ကျပ် ၁၀၀၀ နီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ သုံးစွဲရန် စက်သုံးဆီ လုံလောက်စွာရှိနေပြီး ပြည်ပမှ မှာယူထားသည့် ဆီသင်္ဘော များလည်း မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း နစက ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထား သည်။

ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများလည်း မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်းလည်း၎င်းက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒုဗိုလ်ချုပ်ကြီးညိုစောအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးကာ ရုရှနိုင်ငံမှ စက်သုံးဆီ ဝယ်ယူရေး ကော်မတီတစ်ရပ်ကို ပြည်တွင်း စီးပွားရေးသမားအချို့နှင့် ဖွဲစည်းခဲ့သေးသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here