အိန္ဒိယ၏ပြည်နယ်နှစ်ခုတွင် ခရမ်းချဉ်သီးတုပ်ကွေးရောဂါဖြစ်ပွားမှုထပ်မံတွေ့ရှိ

0
335

အိန္ဒိယ၏ပြည်နယ်နှစ်ခုတွင် ခရမ်းချဉ်သီးတုပ်ကွေးရောဂါဖြစ်ပွားမှုထပ်မံတွေ့ရှိ

ကိုဗစ်အရှိန်မသေသေးခင်မှာပင် ယခုအခါအိန္ဒိယ၌ ခရမ်းချဉ်သီးတုပ်ကွေး (သို့) ခရမ်းချဉ်သီးအဖျားဟုခေါ်ကြသော ဗိုင်းရပ်စ်အသစ်ကထပ်မံပျံ့နှံ့လျက်သည်ဟု ဖော်ပြထားသည်။မေလကအိန္ဒိယနိုင်ငံတောင်ပိုင်း ကေးလာပြည်နယ်မှကလေးများတွင်စတင်တွေ့ရှိခဲ့သော အဆိုပါဗိုင်းရပ်စ်သည် ယခုအခါအခြားပြည်နယ်နှစ်ခုသို့ပါ ပျံ့နှံ့သွားကြောင်းသိရှိရသည်။

လင်းဆေးအသက်ရှုလမ်းကြောင်းဆိုင်ရာဆေး ပညာမဂ္ဂဇင်း၏ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မေလ ၆ ရက်နေ့က ကေးလာနှင့်ကိုလမ်ပြည်နယ်များတွင် ခရမ်းချဉ်သီးတုပ်ကွေးရောဂါကိုအသက်ငါးနှစ်အောက်ကလေးငယ်များထံမှ စတင်တွေ့ရှိခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကလေးငယ်ပေါင်း ၈၂ ဦးထံတွင်တွေ့ရှိခဲ့ကြောင်းရေးသားထားသည်။

ယခုဗိုင်းရပ်စ်သည်ယေဘုယျအားဖြင့် အသက်ငါးနှစ်အောက်ကလေးများကို အများဆုံးသက်ရောက်မှုရှိသော်လည်း ယခုအခါအန္တရာယ်ရှိသောရောဂါဖြစ်ပွားမှုသည် အိန္ဒိယအရှေ့ဘက်ရှိ တမီနာဒူးပြည်နယ်နှင့် အိုဒစ်ရှာပြည်နယ်များရှိ ကိုးနှစ်အောက်ကလေးငယ်များထံတွင်ပါ ကူးစက်ခံထားရကြောင်း ဖော်ပြထားသည်။သုတေသီများကလည်း ဤဗိုင်းရပ်စ်၏သဘောသဘာဝကို ရှာဖွေဖော်ထုတ်ရန်လုပ်ဆောင်နေဆဲဖြစ်သည်။

ယခုရောဂါသည်အလွန်ကူးစက်လွယ်ကာ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်လေ့ရှိသည့် နာကျင်မှုနှင့်အနီရောင်အကွက်များကြောင့် ခရမ်းချဉ်သီးတုပ်ကွေးဟုခေါ်ဆိုကြခြင်းဖြစ်သည်။

မျက်နှာသုတ်ပဝါ၊ညစ်ပေသောအရာများကိုထိတွေ့ခြင်း (သို့) အရာဝတ္ထုပစ္စည်းများကို ပါးစပ်ထဲထည့်ခြင်းကဲ့သို့သော အနီးကပ်ထိတွေ့မှုများမှတစ်ဆင့် အလွယ်တကူကူးစက်နိုင်သဖြင့် ကလေးငယ်များတွင်ပိုမိုကူးစက်ခြင်းဖြစ်သည်။

ခရမ်းချဉ်သီးတုပ်ကွေး၏ လက္ခဏာများသည် ကိုဗစ်နှင့်ဆင်တူသော်လည်း SARS – CoV–2 ရောဂါနှင့်တော့မသက်ဆိုင်ကြောင်းဆိုသည်။ကိုဗစ်နှင့်ခရမ်းချဉ်သီးဗိုင်းရပ်စ်နှစ်မျိုးလုံးသည် အစပိုင်းတွင်ဖျားခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခန္ဓာကိုယ်ကိုက်ခဲနာကျင်ခြင်းတို့အပါအဝင် အချို့သောကိုဗစ်လူနာများသည်လည်း အရေပြားအဖုများထွက်တတ်သဖြင့် လက္ခဏာခပ်ဆင်ဆင်တူကြောင်းသိရှိရသည်။ခရမ်းချဉ်သီးတုပ်ကွေးသည် အမှန်တကယ်တွင် ကလေးငယ်များသို့ဗိုင်းရပ်စ်ကူးစက်ခြင်းမဟုတ်ပဲ သွေးလွန်တုပ်ကွေး (သို့) chikungunya အဖျား၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သည်။

ခရမ်းချဉ်သီးတုပ်ကွေးတွင် အဖျားတက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းများအပါအဝင် အရေပြားယားယံခြင်းများလည်းဖြစ်စေသည်။အခြားဗိုင်းရပ်စ်များကဲ့သို့ပင် ယခုရောဂါသည် ပျို့အန်ခြင်း၊အော့အန်ခြင်း၊ဝမ်းပျက်ခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်း၊အဆစ်အမြစ်များရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းစသည့် လက္ခဏာများလည်းပါဝင်သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here