ဘောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း Covid 19 ပေါ့စတစ်ဖြစ်

0
481

ဘောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း Covid 19 ပေါ့စတစ်ဖြစ်

ဘောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်းက သူဒီနေ့ Covid 19 ပေါစတစ်ဖြစ်ကြောင်း တွစ်တာကနေအသိပေးခဲ့ပြီး ဒီရက်ပိုင်း သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေCovid စစ်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

အောက်တိုဘာလဆို အသက် ၈၀ ပြည့်တော့မှာဖြစ်တဲ့အမီတာဘဂျမ်းဟာ ကျန်းမာရေးကောင်းမွန်ဆဲဖြစ်ကာတနှစ်ကို အနည်းဆုံး ရုပ်ရှင်၂ကား ပုံမှန်ရိုက်ကူးပါတယ်။လွန်ခဲ့တဲ့ ၂နှစ်ကလည်း အမီတာဘဂျမ်း Covid ရောဂါကူးစက်ခံရပြီး ဆေးရုံမှာ ကုသမူ ခံယူခဲ့ဖူးပါတယ်။

အမီတာဘဂျမ်းဟာ ယခုလက်ရှိမှာ ဘဟူးဘလီမင်းသားPrabhas, မင်းသမီး ဒီပီကားတို့နဲ့အတူ Project Kရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး ရူတင်အတွက်ခရီးထွက်ရမှာမို့ ကိုဗစ် စစ်ရာမှ ပေါစတစ်ဖြစ်နေကြောင်းသိခဲ့တာဖြစ်ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here