နစက တာဝန်ယူသည့် (၁၈) လတာ ကာလအတွင်း သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် တိုးလာ
နစက တာဝန်ယူပြီးနောက်ပိုင်းကာလတွင် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ သန်း (၁၀၀) ဝန်းကျင်အထိ တိုးမြင့်လာကြောင်း သိရသည်။
အဆိုပါ ပမာဏမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ပြီးခဲ့သည့် ဇူလိုင်လအထိ ကာလအတွင်း တိုးမြင့်လာသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တန်ဖိုးဖြစ်ကြောင်းလည်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်ထိ လုပ် ငန်းပေါင် (၁၁၆) ခုအတွက် ကုမ္ပဏီ (၁၁၆) ခုမှ ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ် လာ ၂.၂၈ ဘီလီယံ ခန့် ရှိကြောင်း သီလဝါ အထူးစီးပွား ရေးဇုန် ကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများထဲတွင် ယခင်ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအပြင် အသစ်ထပ်မံရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနေ ဖြင့် (၂၁) နိုင်ငံအထိ ရှိကြောင်းလည်း အထူးစီးပွားရေးဇုန်ကော်မတီ ဥက္ကဋ္ဌက နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားမှုအရ သိရသည်။
အဆိုပါ အသစ် ဝင်ရောက်လာသည့် ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ (၁၄) သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်း၏ ပြောကြားချ က်အရ သိရသည်။
ထို့အပြင် အသစ်ထပ်မံ တိုးချဲ့လုပ်ဆောင်လာသည့် လုပ်ငန်း (၁၄)ခုရှိပြီး အများအားဖြင့် ဘိလပ်မြေ လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများ ပိုမိုများပြားကြောင်းလည်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ယာ ယီ ရပ်နားခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှ ယနေ့ အချိန်ထိ ပုံမှန် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။