ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး PPST ဦးဆောင်နာယကအဖြစ် တာဝန်ယူခြင်းသည် KNU ကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ တသီးပုဂ္ဂလ သဘောသာဖြစ်ဟုဆို

0
514

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး PPST ဦးဆောင်နာယကအဖြစ် တာဝန်ယူခြင်းသည် KNU ကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ တသီးပုဂ္ဂလ သဘောသာဖြစ်ဟုဆို

ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ နာယကအဖြစ် တာဝန်ယူခြင်းသည် တသီးပုဂ္ဂလ သဘောဆန္ဒအရ တာဝန်ယူခြင်းသာဖြစ်ပြီး KNU ကို ကိုယ်စားပြုမည်မဟုတ်ကြောင်း သိရသည်။

PPST က တောင်းဆိုခဲ့သည့် အဆိုပါ ဦးဆောင်နာယက အဖြစ် တာဝန်ယူရေးကိစ္စအပေါ် လက်ခံကြောင်းကို ဗိုလ် ချုပ်ကြီး မူတူးစေးဖိုးက ဩဂုတ်လ (၄) ရက်ကတည်းက အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စာက လူမှုကွန်ရက်ပေါ်မှာ စာပျံ့နှံနေတာတွေတော့ရှိပါတယ်။ အဲ့ဒီ စာထဲကအတိုင်းပါဘဲ”ဟု PPST၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဥ်ယဥ်စိုးက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့(PPST)အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန်အတွက် ဦးဆောင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးရန် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးထံ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လက်ခံရခြင်းမှာလည်း ငြိမ်းချမ်းရေးကို တွေ့ ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ယုံ ကြည်သည့်အပြင် အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလအနေဖြင့် တာဝန်ယူနိုင်ကြောင်း သိရသည့် အတွက် ယခုလို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ၎င်း၏ အကြောင်းပြန်စာတွင် ထည့် သွင်း ရေးသားထားသည်။

လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ် ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင် စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)နှင့် ချင်းအမျိုးသားတပ် ဦး(CNF)တို့သည် PPST အဖွဲ့ဝင်အဖြစ်မှ ရပ်စဲထားသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here