တောင်အာဖရိက၌ Google Wallet အားစတင်မိတ်ဆက်

0
305

တောင်အာဖရိက၌ Google Wallet အားစတင်မိတ်ဆက်

Alphabet Inc သည် တောင်အာဖရိက၌ Google Wallet ကို အင်္ဂါနေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတစ်ခုအနေဖြင့် နိုင်ငံ၏လျင်မြန်စွာကြီးထွားလာနေသော ဒစ်ဂျစ်တယ်ငွေပေးချေမှုနေရာများတွင် ခြေကုပ်ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါသည် လူတို့အတွက်နေထိုင်မှုပုံစံသစ်တစ်ရပ်ကိုဖြစ်စေခဲ့ပြီး ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းအသုံးပြုမှုများ ရေပန်းစားလာကာ ခေတ်မီနည်းပညာများဖြင့် ထိတွေ့မှုမဲ့ငွေပေးချေမှုနည်းလမ်းများကို ကျယ်ပြန့်စွာအသုံးပြုလာကြသည်။စမတ်ဖုန်းများ၏ ထိုးဖောက်ဝင်ရောက်မှုများခြင်းကလည်း ရွေးချယ်စရာပိုမိုစုံလင်အောင် အထောက်အကူပြုလျက်ရှိသည်။

Google Wallet သည် သုံးစွဲသူ၏ အကြွေးဝယ်ကဒ်နှင့်ဘဏ်ကဒ်များ၏ အသေးစိတ်အချက်အလက်များကို စုဆောင်းကာ ပစ္စည်းဝယ်ယူပြီးငွေချေလိုပါက ကောင်တာတွင်ဆိုင်ရှင်၏ဖုန်းဖြင့်ချိတ်ဆက်ကာ ငွေပေးချေနိုင်စေရန်ပြုလုပ်ထားသည်ဟုဆိုသည်။

အင်္ဂါနေ့မှစတင်၍ FirstRand Bank , Discovery Bank , Investec , Standard Bank , ABSA နှင့် Nedbank အစရှိသည့်ဘဏ်များ၏ ဘဏ်ကဒ်ကိုင်ဆောင်ထားသူများအနေဖြင့် Google Wallet ကိုစတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း Google က‌ေပြာသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိတွေ့မှုမဲ့ငွေပေးချေခြင်းကိုလက်ခံသည့် အရောင်းဆိုင်များတွင် ၎င်းတို့၏စမတ်ဖုန်းများမှတစ်ဆင့် ငွေပေးချေမှုပြုလုပ်နိုင်မည်ဟုဆိုထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ပြိုင်ဘက်ဖြစ်သည့် Apple Inc သည် တောင်အာဖရိကတွင် ၎င်း၏ Apple Pay မိုဘိုင်းငွေပေးချေမှုစနစ်ကို စတင်Cardသည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here