ပရာယွတ်၏ဝန်ကြီးချုပ်သက်တမ်းအား ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်စဥ် ပရာဝစ်က အိမ်​စောင့် ဝန်ကြီးချုပ် ဖြစ်လာနိုင်

0
552

ပရာယွတ်၏ဝန်ကြီးချုပ်သက်တမ်းအား ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်စဥ် ပရာဝစ်က အိမ်​စောင့် ဝန်ကြီးချုပ် ဖြစ်လာနိုင်

ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကိစ္စကို တရားရုံးကဆုံးဖြတ်ချက် မချမချင်း ဝန်ကြီးချုပ်အဖြစ် တာဝန်မှ ရပ်ဆိုင်းထားမည့်သ​ဘောရှိသည်။

ထိုကာလတွင် ဒုတိယ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prawit Wongsuwan က အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ပရာဝစ်သည် ယခင်စစ်အစိုးရ၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။

PTP ပါတီက ပရာယွတ်အား ပဋိဉာဉ်စည်းမျဉ်းအရ ၎င်း၏ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း​ဆောင်မူ ၈ နှစ် ကန့်သတ်ချက်ကို ကျော်လွန်ပြီလားဟုတရားရုံးသို့​မေးမြန်းထားမူရှိသည်။

တရားရုံး၏ လုပ်ငန်းစဉ်သည် တစ်လအထိ ကြာနိုင်သည်။

လက်ရှိတွင်​မူ ပရာယွတ်က ​သတင်းတစုံတရာမထုတ်ပြန်ထား​ပေ။ ကာကွယ်​ရေးဝန်ကြီး အ​နေဖြင့် ကတ်ဘိနက်အစည်း​ဝေးများတက်​၍ရကြောင်း ဒုဝန်ကြီးချုပ် ဗီစနု က​ပြောကြားထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ထိုင်းနိုင်ငံ၏ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ၈ နှစ်ထမ်းဆောင်ပြီးဖြစ်သောကြောင့် တာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း CNA၏ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

တာဝန်ရပ်ဆိုင်းမှုကို ယမန်နေ့ သြဂုတ်လ ၂၄ ရက်တွင် ဖွဲ့စည်းပုံ အခြေခံတရားရုံးကရပ်ဆိုင်းလိုက်ကြောင်းဖော်ပြထားသည်။

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအားထိုင်းနိုင်ငံသားများက
ယင်းနေ့ ည၁၂နာရီ တွင် ရာထူးမှနှုတ်ထွက်ပေးရန် ဗန်ကောက်မြို့ ၊ လွတ်လပ်ရေးကျောက်တိုင်တွင် စုရုံးကာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here