ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယား၌ယူကရိန်းအာဏာ ပြန်လည်တည်မြဲစေရမည်ဟု ဇလန်းစကီးကတိပြု

0
601

ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယား၌ယူကရိန်းအာဏာ ပြန်လည်တည်မြဲစေရမည်ဟု ဇလန်းစကီးကတိပြု

ကိဗ်၊ဩဂုတ် ၂၃

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသ၌ ယူကရိန်း၏အုပ်ချုပ်မှုအာဏာ ကို ပြန်လည်ထူထောင်မည်ဟု ဩဂုတ်လ ၂၃ ရက် အင်္ဂါနေ့ကကတိပြုခဲ့ပြီး “ကမ္ဘာ့ ငြိမ်ဝပ်ပိပြားရေး” အတွက်အထောက်အကူဖြစ်စေမည့် အရွေ့တစ်ခုဖြစ်ကြောင်းလည်းဆိုခဲ့သည်။

၂၀၁၄ ခုနှစ်က ရုရှားသည် နိုင်ငံအများစုက အသိအမှတ်မပြုသော်လည်း ခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ခဲ့သည်။ထိုသို့သိမ်းပိုက်ခံထားရသော ကျွန်းဆွယ်ကိုပြန်လည်ရရှိအောင် ကြိုးပမ်းခြင်းသည် အကြီးမားဆုံးစစ်ဆန့်ကျင်ရေးခြေလှမ်းဖြစ်သည်ဟုလည်း နိုင်ငံတကာညီလာခံ၌ သမ္မတကဆိုသည်။

ယူကရိန်း၏ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးကို ပြန်လည်ထူထောင်ရန်နှင့် ရုရှား၏ခရိုင်းမီးယားကို သိမ်းယူမှုကို အဆုံးသတ်ရန် ကြိုးပမ်းသည့် ဖိုရမ်တစ်ခုဖြစ်သည့် ခရိုင်းမီးယားပလက်‌ဖောင်း၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင်  “အားလုံးက ခရိုင်းမီးယားနဲ့စတင်ခဲ့ပြီး ခရိုင်းမီးယားနဲ့အဆုံးသတ်မှာပါ” ဟု ဇလန်းစကီးကဆိုခဲ့သည်။

ခရိုင်းမီးယားကို ပြန်လည်ရယူနိုင်ခြင်းသည် ကမ္ဘာ့ ငြိမ်ဝပ်ပိပြားရေးကို ပြန်လည်ရှင်သန်လာစေလိမ့်မည်ဖြစ်သည်ဟုဆိုကာ ရုရှားအပေါ်အနိုင်ရရှိရေးအတွက် တောင်းဆိုခဲ့သည်။

သမ္မတနှင့်ဝန်ကြီးချုပ် ၄၀ ခန့် အပါအဝင် ထိပ်သီးအစည်းအဝေး၌ ပြည်နယ် ၆၀ ခန့်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းဇလန်းစကီးကပြောကြားခဲ့သည်။

ကျန်သက်ဆိုင်သူအားလုံးနီးပါး အွန်လိုင်းမှပါဝင်ခဲ့ကြသော်လည်း ပိုလန်သမ္မတ Andrzej Duda ကမူ လူကိုယ်တိုင်တက်ရောက်ခဲ့သည်။ရုရှား၏ရန်လိုမှုဖြစ်သည့် ယခုကိစ္စကို မျက်ကွယ်မပြုထားရန် ကမ္ဘာ့ခေါင်းဆောင်များအား ၎င်းကတိုက်တွန်းခဲ့ပြီး မော်စကိုတွင်ပုံမှန်အတိုင်း စီးပွားရေးပြန်လုပ်ရန် မဖြစ်နိုင်ကြောင်းလည်းပြောကြားခဲ့သည်။

Gdansk သည် ပိုလန်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ ခရိုင်းမီးယားသည်လည်း ယူကရိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

ထို့ပြင် နိစ် သည်ပြင်သစ်၏အစိတ်အပိုင်းတစ်ခုဖြစ်ကာ၊ ကိုလုံး သည်ဂျာမနီ၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ ရော့တာဒမ် သည်လည်းနယ်သာလန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဒူဒါ ကထပ်မံပြောကြားခဲ့သည်။

Source – Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here