မော်လမြိုင်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသူအား မိဘများထံပြန်လည်အပ်နှံ

0
391

မော်လမြိုင်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသူအား မိဘများထံပြန်လည်အပ်နှံ

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၁ ဦးအား သြဂုတ် ၂၃ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

မော်လမြိုင်မြို့၊ဒိုင်းဝန်ကွင်းရပ်ကွက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ လှိုင်းဘွဲတပ်နယ်ခန်းမ၌ ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here