နှစ်‌ပေါင်း ၁,၂၀၀ သက်တမ်းရှိ ဇိမ်ခံအိမ်ကြီးကို အစ္စရေးတွင်ရှာဖွေတွေ့ရှိ

0
296

နှစ်‌ပေါင်း ၁,၂၀၀ သက်တမ်းရှိ ဇိမ်ခံအိမ်ကြီးကို အစ္စရေးတွင်ရှာဖွေတွေ့ရှိ

ရှေးဟောင်းသုတေသနပညာရှင်များသည် အစ္စရေးနိုင်ငံတောင်ပိုင်း Negev သဲကန္တာရတွင် နှစ်ပေါင်း ၁,၂၀၀ သက်တမ်းရှိပြီးနွေရာသီအပူဒဏ်ကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသည့် ထူးခြားသော မြေအောက်အဆောက်အအံုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အေပီသတင်းဌာနကဖော်ပြခဲ့သည်။

၎င်းအ‌ဆောက်အအံုသည် Negev ဒေသရှိ ချမ်းသာသော နေထိုင်သူများ၏ဘဝ နေထိုင်မှုအကြောင်းကို ထင်ဟပ်နေသည်ဟု နိုင်ငံ၏ ရှေးဟောင်းအာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ယခုရှာဖွေတွေ့ရှိမှုကို Bedouin မြို့ Rahat တွင် ပြုလုပ်ခဲ့ပြီး ၈ ရာစု သို့မဟုတ် ၉ ရာစု၏ အစ္စလာမ့်အစောပိုင်းကာလမှ စတင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ကြီးမားကျယ်ပြန့်သောခြံနှင့်အိမ်ကြီးသည် အရင်ကကြွယ်ဝချမ်းသာသော မြေပိုင်ရှင်ကြီး၏အိမ်ခြံ‌ေမြဖြစ်မည်ဟု ယူဆသည်။တူးဖော်တွေ့ရှိသော ဇိမ်ခံအိမ်ကြီးတွင် ခြံဝင်းတစ်ခုရှိပြီး တောင်ပံပုံစံဖြင့်ပြုလုပ်ထားကာ ပြန့်ထွက်နေသည့်အခန်းပေါင်းများစွာပါရှိသည်။

အ‌တောင်တစ်ဖက်ခြမ်းရှိ အခန်းများ၏နံရံနှင့်ကြမ်းခင်းများကို နံရံဆေးရေးပန်းချီများဖြင့် ချယ်မွှန်းထားပြီး အခြားတစ်ဖက်ရှိအခန်းများတွင်မူ ချက်ပြုတ်ရာ၌အများဆုံးအသုံးပြုသည့် မီးဖိုများဖြင့်ထည့်သွင်းဆောက်လုပ်ထားသည်။အလှဆင်ထားသော ပန်းကန်ခွက်ယောက်အကွဲများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် အိမ်ကြီး၏ အထူးခြားဆုံး အင်္ဂါရပ်မှာ ပြင်းထန်သော အပူဒဏ်မှ လွတ်မြောက်ရန် ထိန်းညှိပေးပြီး အေးမြစေသည့် မြေအောက်ကျောက်တုံး ပေါင်းကူးအမိုးများပင်ဖြစ်သည်။အဆိုပါအမိုးများရှိရာ အခန်းများ၏အဖွင့်အပိတ်နေရာသည် ထိုဒေသရှိပြည်သူများ အားထားသောက်သုံးရာ ရေစည်ကြီးသို့ဦးတည်လျက်ရှိသည်။

ဇိမ်ခံအိမ်ခြံမြေနှင့် ထူးခြားပြီး အာရုံမှ ေဖျာက်မရနိုင်‌ေသာအံ့သြစရာကောင်းသည့် မြေအောက်ခန်းများသည် တစ်ချိန်တစ်ခါကပိုင်ရှင်များ၏ ကြွယ်ဝချမ်းသာမှုကို သက်သေထူနေလျက်ရှိသည်။”ပိုင်ရှင်တွေရဲ့အဆင့်အတန်းမြင့်မားမှုနဲ့ ချမ်းသာကြွယ်ဝမှုက လူနေအိမ်ကို သူတို့အတွက်ဖျော်ဖြေဖို့ ဇိမ်ခံအိမ်ကြီးပမာ ဆောက်လုပ်နိုင်စေခဲ့တယ်” ဟု တူးဖော်ရေး ဒါရိုက်တာများ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အစ္စရေးရှေးဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ (IAA) ၏ ဒါရိုက်တာ Eli Eskosido ကယခု ရှာဖွေတွေ့ရှိမှုသည် ဒေသခံအသိုင်းအဝိုင်းကြားတွင် “စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုများ” ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။ထို့ပြင် IAA နှင့် Bedouin ၏ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်တို့သည် ရှာဖွေတွေ့ရှိချက်များကို ထိန်းသိမ်းကာ အများပြည်သူအားပြသရန် စီစဉ်နေကြောင်း Eskosido ကပြောကြားခဲ့သည်။

ယခုပြသမှုကို အခမဲ့အဖြစ် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းလည်း IAA မှ ပြောကြားခဲ့သည်။

Source – Wio News

 


LEAVE A REPLY

Please enter your comment!
Please enter your name here