နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှကိုယ်စားလှယ်များ ဒုတိယနေ့တွေ့ဆုံဆွေးနွေး

0
244

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှကိုယ်စားလှယ်များ ဒုတိယနေ့တွေ့ဆုံဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ကိုယ်စား လှယ်များ သြဂုတ် ၂၄ ရက်နံနက်ပိုင်းက ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)၊ (၂)နှင့်(၃)တို့ပါ သဘောတူညီချက်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့ လာစိစစ်ချက်များအား ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေး နွေးခဲ့သည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၎င်းတို့၏ သဘောထားများ၊လိုလားချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ် ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ဒု-ဥက္ကဋ္ဌ ခွန်ထွန်းတင်၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊အထွေထွေအတွင်း ရေးမှူးကျာယာကုတ်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခိုင်စိုးမြတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PNLO ၊ LDU ၊ ALP တို့မှငြိမ်းချမ်းရေးကိုယ်စား လှယ်များသည့် သြဂုတ် ၂၅ ရက်(မနက်ဖြန်)တွင် တတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here