အရေးယူပိတ်ဆို့ခံထားရသည့် ရုရှားဆီများအာရှသို့ အဓိကတင်ပို့

0
301

အရေးယူပိတ်ဆို့ခံထားရသည့် ရုရှားဆီများအာရှသို့ အဓိကတင်ပို့

မော်စကို၊ဩဂုတ် ၂၄

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်းခံထားရသည့် ရုရှားသည်၎င်း၏ လောင်စာဆီကို အာရှသို့အဓိကထားတင်ပို့လျက်ရှိပြီး ကုန်သည်များနှင့် Refinitiv ဒေတာများအရ  ဝေးလံသောဈေးကွက်များသို့ ကုန်စည်များများသယ်ယူရောင်းချနိုင်ရန် သင်္ဘောအချင်းချင်းလွှဲပြောင်းပို့ဆောင်မှု (STS) စနစ်ကို ပိုမိုအသုံးပြုသည်ဟုသိရှိရသည်။

ဉရောပသမဂ္ဂသည် မတ်လကတည်းက ရုရှားရေနံထွက်ကုန်များတင်သွင်းမှုကို လျှော့ချခဲ့ပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလမှစတင်ကာ အပြည့်အဝပိတ်ဆို့ရန် သဘောတူညီခဲ့ကြသည်။ဇူလိုင်လက ရုရှားမှ နယ်သာလန်နှင့် အက်စ်တိုးနီးယားနိုင်ငံများသို့ လောင်စာဆီတန်ချိန်ပေါင်း ၃၆၅,၀၀၀ နှင့် ၁၇၀,၀၀၀ အသီးသီးတင်ပို့ခဲ့ပြီး ဩဂုတ်လတွင် လုံးဝတင်ပို့မှုမရှိတော့သည်အထိ ကျဆင်းသွားခဲ့သည်ဟု Refinitiv ကိန်းဂဏန်းများအရသိရှိရသည်။

ထိုအတောအတွင်း ရုရှားနိုင်ငံမှစင်္ကာပူသို့ လောင်စာဆီတင်ပို့မှုသည် ဇွန်လနှင့်ဇူလိုင်လတွင်လုံးဝမရှိခဲ့ရာမှ ဩဂုတ်တွင်တန်ချိန်ပေါင်း ၃၅၀,၀၀၀ ထက်မနည်းတင်ပို့ခဲ့သည်ဟု စာရင်းဇယားများကဖော်ပြထားသည်။ဂရိနိုင်ငံ Kalamata ဆိပ်ကမ်းမှ သင်္ဘောချင်း လွှဲပြောင်းတင်ပို့မှုသည် တစ်လလျှင်လေးပုံတစ်ပုံနီးပါးဖြင့် တန်ချိန်တစ်သန်းနီးပါးအထိမြင့်တက်လာခဲ့သည်။

စင်္ကာပူတွင်လောင်စာဆီများကို ဘန်ကာလောင်စာဆီအဖြစ်သော်လည်းကောင်း၊ VLCC ရေနံတင်သင်းဘောများတွင်သော်လည်းကောင်း သိမ်းဆည်းနိုင်သည်ဟုဖော်ပြထားပြီး STS နည်းလမ်းသည် ပိုမိုကြီးမားသော သင်္ဘောများဖြင့်တင်ဆောင်နိုင်စေပြီး အာရှသို့သက်သာသောပို့ဆောင်ခဖြင့်ရောက်ရှိနိုင်သည်ဟု ကုန်သည်များကပြောကြသည်။

အမေရိကနှင့်အီးယူတို့သည် ရုရှားထံမှလောင်စာဆီများကို မဝယ်ယူဘဲနေနေချိန်တွင် ရုရှားသည် အာရှနှင့်အရှေ့အလယ်ပိုင်းအပါအဝင် အာဖရိကနိုင်ငံအချို့အထိပါ လောင်စာဆီထောက်ပံ့မှုတိုးလာကြောင်းဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သည့်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျသည် နွေရာသီ၌လေအေးပေးစနစ်ဖြင့် အသုံးပြုလည်ပတ်သည့် ဓာတ်အားပေးစက်ရုံများတွင်အသုံးပြုရန်အတွက် ဒုတိယသုံးလပတ်အတွင်း ရုရှားမှတင်သွင်းသော လောင်စာဆီပမာဏထက်ပင်နှစ်ဆကျော်တိုးမြှင့်ကာ တင်ပို့နိုင်ခဲ့သည်ဟုဖော်ပြထားသည်။

Source – ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here