မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

0
247

မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ည)ရပ် ကွက်တွင် သြဂုတ် ၂၃ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် (ည)ရပ်ကွက်တွင် ဦးသန်းဇော်စိုး(ခ)ဖိုးထော်(၄၆)နှစ်မောင်းလာသည့် IPSUM ကား၊ဦးနေမျိုးရည်ဦး(ခ)ငမျိုး(၅၂)နှစ် မောင်းလာသည့်ဆိုင်ကယ်နှင့်ကိုရဲတေဇာ(ခ)၀င်းကို (၃၃)နှစ်မောင်းကာ ကိုဇင်မောင်မောင်(၃၆)နှစ်တို့ စီးနင်းလာသည့် ဆိုင်ကယ်တို့အားရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ဦးသန်းဇော်စိုး(ခ)ဖိုးထော် မောင်းလာသည့် ကားပေါ်တွင်တင်လာသော ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အားစစ်ဆေးရာ စိတ်ကြွဆေးပြားများအား အတူတကွသယ်ဆောင်လာခြင်းဖြစ် ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား ဝေဘာဂီနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက် စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here