ရှာရွခ်ခန်းရဲ့ ဇာတ်ကားသစ် Pathan

0
637

ရှာရွခ်ခန်းရဲ့ ဇာတ်ကားသစ် Pathan

၂၀၁၈ ခုနှစ်နောက်ပိုင်း ရုပ်ရှင်အသစ် မထွက်ထားတဲ့မင်းသား ရှာရွခ်ခန်းက သူ့ရဲ့Pathaan ဇာတ်ကားပရိသတ်တွေဆီ ရောက်ဖို့ ၅လပဲ လိုတော့တယ်ဆိုပြီးဂျွန်အဗရာဟမ်ရဲ့ပိုစတာသစ်နဲ့အတူ ဒီနေ့ ကြေညာပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ကြေညာထားတဲ့ Pathaan ရုပ်ရှင်မှာ ရှာရွခ်ခန်းနဲ့အတူဂျွန်အဗရာဟမ်၊ မင်းသမီး ဒီပီကားတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။


Pathaan ဇာတ်ကားကို ၂၀၁၉ ခုနှစ်မှာ အအောင်​မြင်ဆုံးဘောလီးဝုဒ်ရုပ်ရှင်ဖြစ်ခဲ့တဲ့ လက်ပွားမင်းသား ရီသိက်ရော်ရှန်ရဲ့War ရုပ်ရှင် ဒါရိုက်တာ Siddarth Anand က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မင်းသား စလ်မန်းခန်းလည်း cameoအဖြစ် ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။


ရှာရွခ်ခန်းဟာ သူမြေတောင်မြှောက်ပေးခဲ့တဲ့ မင်းသမီးချောဒီပီကားနဲ့ ယခင်က ရုပ်ရှင် ၃ကား အတူတူ တွဲရိုက်ခဲ့ဖူးပြီး ၃ကားစလုံး အောင်မြင်မူရခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here