ရှင်ဇိုအာဘေးလုပ်ကြံခံရမှုကြောင့် ဂျပန်ရဲချုပ် ရာထူးမှ နုတ်ထွက်

0
252

ရှင်ဇိုအာဘေးလုပ်ကြံခံရမှုကြောင့် ဂျပန်ရဲချုပ် ရာထူးမှ နုတ်ထွက်

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးအစီအစဉ်များတွင် ချိုယွင်းချက်များရှိကြောင်း စုံစမ်းစစ်ဆေးမှုတစ်ခုမှ အတည်ပြုပြီးနောက် ဂျပန်အမျိုးသားရဲအေဂျင်စီအကြီးအကဲက ကြာသပတေးနေ့ (သြဂုတ်လ ၂၅ ရက်) တွင် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

“လုံခြုံရေးအစီအစဉ်များတွင် ချိုယွင်းချက်တွေနဲ့ အဲဒါတွေကို အခြေပြုထားတဲ့ အန္တရာယ်အကဲဖြတ်မှုတွေမှာ ချိုယွင်းချက်တွေရှိနေပြီး ကွပ်ကဲလမ်းညွှန်မှုမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်” ဟု ရဲချုပ် Itaru Nakamura က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီပြဿနာရဲ့ အရင်းမြစ်ကတော့ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ လက်ရှိစနစ်ရဲ့ အကန့်အသတ်တွေကြောင့်ပါပဲ။ ဒါပေမယယ့် ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံရေးနဲ့ပတ်သက်လို နယ်မြေခံရဲတွေတာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့် Itaru Nakamuraက သူ၏ တာဝန်မကျေပွန်မှုအတွက် တာဝန်ယူသည့်အနေဖြင့် ရဲချုပ်ရာထူးမှ နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်းကိုလည်းပြောသည်။

“လုံခြုံရေးတာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ပတ်သက်လို ကျွန်တော်တိုရဲ့ ဝန်ထမ်းတွေကို နှိးဆော်တဲ့ သဘောသက်ရောက်အောင်ရယ်၊ လုံခြုံရေးတာဝန်တွေကို သေသေချာချာပြန်လည်စတင်နိုင်ကြအောင်ရယ်အတွက် ခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့ အမျိုးသား ပြည်သူ့လုံခြုံရေးကော်မရှင်ကို နှုတ်ထွက်စာတင်ခဲ့တာပါပဲ” ဟု ၎င်းက ပြောသည်။

ရှင်ဇိုအာဘေး သည် နာရာဒေသ၌ ဇူလိုင် ၈ ရက်က မဲဆွယ်စည်းရုံးရေးဆင်းစဉ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

Ref: Japan police chief resigns over Shinzo Abe assassination

 


LEAVE A REPLY

Please enter your comment!
Please enter your name here