၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့်အား သြဂုတ် ၂၆ ရက်မှစတင်လျှောက်ထားနိုင်
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့်အား သြဂုတ် ၂၆ ရက်မှစတင်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM)ခြောက်နှစ်သင်တန်းနှင့်မွေးမြူရေးပညာဘွဲ့(BASc)လေးနှစ်သင်တန်းများ တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေခြင်းဖြစ်သည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် ကိုယ်တိုင်/ကိုယ်စား(သို့)သင်တန်းရေးရာဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရေဆင်း၊ဇေယျာသီရိမြို့နယ် နေပြည်တော်သို့လိပ်မူ၍ စာတိုက်သေတ္တာအမှတ်၁၅၀၅၀၁ သို့ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ Email လိပ်စာဖြစ်သည့် [email protected] သို့လည်း ဩဂုတ် ၂၆ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိတိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ အသေးစိတ်နှင့်လျှောက်လွှာပုံစံများအား မြန်မာ့အလင်းသတင်းစာ၊ကြေးမုံသတင်းစာနှင့်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သည့် www.uvsyezin.edu.mm တို့တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။