ဗြိတိန်သံအမတ်ဟောင်းမစ္စဗစ်ကီဘိုးမန်းကို လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁) /၁၃(၅)ဖြင့် အမှုဖွင့်ဟု နစက ထုတ်ပြန်

0
600

ဗြိတိန်သံအမတ်ဟောင်းမစ္စဗစ်ကီဘိုးမန်းကို လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁) /၁၃(၅)ဖြင့် အမှုဖွင့်ဟု နစက ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းတို့ကို လဝက ဥပဒေ ဖောက်ဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရသည်။

ဩဂုတ်လ (၂၄) ရက် ညပိုင်းက ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသည့် ၎င်းတို့ ဇနီးမောင်နှံကို ယနေ့ ဩဂုတ်လ (၂၅) ရက်တွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် လျှောက်ထားမှုအရ ဗီဇာသက်တမ်းမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၂) ရက်အထိ မြန်မာ နိုင်ငံတွင်နေ ထိုင်ခွင့်ရှိကြောင်း သိရသည်။

ယင်းသို့ နေထိုင်ရာတွင် သူမအနေဖြင့် ရန်ကုန်မြို့ စမ်းချော င်းမြို့နယ်ရှိ ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရန်ဖြစ်ပြီး နေထိုင်ခွင့် မှတ်ပုံတင်ကို ၂၀၂၂ ခုနှတ် မတ်လ (၉) ရက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထုတ်ပေးထားသော်လည်း မစ္စဗစ်ကီဘိုးမန်း သ ည် ၎င်း၏ အမျိုးသားဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်း ပိုင်ဆိုင်သည့် ကလောမြို့မှ နေအိမ်တွင် ၂၀၂၁ ခုနှစ် မေလ(၄) ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၉) ရက်အထိ သွားရောက်နေထိုင်ခဲ့ကြောင်း နစက သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကဲ့သို့ သွားရောက်နေထိုင်ခဲ့မှုအရ မစ္စဗစ်ကီဘိုးမန်းကို ဗီဇာစည်းကမ်းဖောက်ဖျက်မှု ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ထားပြီး ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို ပုဒ်မ ၁၃(၅) ဗီ ဇာစည်းကမ်းဖောက်ဖျက်သူကို အားပေးကူညီမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ (၂) ဦးအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် စက်တင်ဘာလ (၆) ရက်တွင် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here