နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တတိယနေ့အဖြစ် ဆက်လက်ဆွေးနွေး

0
238

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တတိယနေ့အဖြစ် ဆက်လက်ဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ သြဂုတ် ၂၅ ရက်(ယနေ့)တွင် တတိယနေ့အဖြစ် နေပြည်တော်၌ ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ပါ သဘောတူညီချက်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁ ပြည် ထောင်စုဥပဒေပြုစာရင်းနှင့်ဇယား ၂ တိုင်း(သို့)ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ၉ ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်အဆင့်လိုက် အ ကောင်အထည်ဖော်မှုများ(ဇယား-၂)အား ညှိနှိုင်းရေးကော်မတီဝင် ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်က ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၎င်းတို့၏ သဘောထားများလိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကာ သဘောထားစုစည်းချက်များရယူခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ဒု-ဥက္ကဋ္ဌခွန်ထွန်းတင်၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌကျာဆော်လမွန်၊အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့သည် သြဂုတ် ၂၆ ရက်(မနက်ဖြန်)တွင် စတုတ္ထနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here