ဒေသတွင်းပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သည့် ရေကြောင်းနယ်ပယ်တည်ဆောက်နိုင်မှုများကို ဗိုလ်ချုပ်ကြီးမိုးအောင်ဆွေးနွေးခဲ့

0
179

ဒေသတွင်းပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သည့် ရေကြောင်းနယ်ပယ်တည်ဆောက်နိုင်မှုများကို ဗိုလ်ချုပ်ကြီးမိုးအောင်ဆွေးနွေးခဲ့

အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအ ဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်က ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့ပြင် တပ်မတော်(ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို လေ့ကျင့်ရေးဖြင့်ဦးတည်ဆောင်ရွက်နေမှု၊ အာဆီယံ ရေတပ်များကျင့်သုံးရမည့် Team Work ၏ အရေးပါမှုတို့ကိုလည်း ဗိုလ်ချုပ်ကြီးမိုးအောင်က ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ အာဆီယံရေတပ်ဦးစီးချုပ်များက ရေ တပ်များကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်နှင့်ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာများကို ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အစည်းအဝေးတက်ရောက်လာသည့် အာဆီယံရေတပ်ဦးစီးချုပ်များက “The Roles of ASEAN Navies in Add-ressing Maritime Challenges’’(ပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏အ ခန်းကဏ္ဍ)ခေါင်းစဉ်အား နိုင်ငံအလိုက်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေ တပ်ဦးစီးချုပ် Admiral Yudo Margono က ၁၆ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အ စည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ၁၅ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးမှတ်တမ်းကိုအတည်ပြုခဲ့ကြကာ ANCM အမြဲတမ်းပူးတွဲအတွင်းဝန်က ဒေသတွင်းပင်လယ်ရေကြောင်းလုံခြုံရေးအခြေအနေများကို အကျဉ်းချုပ်ဆွေးနွေးခဲ့သည်။

အလားတူ အာဆီယံရေတပ်လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေးအစီအစဉ်အတွက် ဆွေးနွေးမှုများ၊ ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် ရေတပ်ဆိုင်ရာပူးပေါင်းလေ့ကျင့်ခန်းများ၊အ ပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကာကွယ် ရေးပစ္စည်းပြပွဲနှင့်ရေတပ်အချင်းချင်းတွေ့ဆုံဆွေးနွေးရေး အစီအစဉ်များနှင့်ပတ်သက်၍ ဖိတ် ကြားခြင်းများပြုလုပ်ခဲ့ကြသည်။ 

အစည်းအဝေးအပြီး၌ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်က အင်ဒိုနီးရှားရေ တပ်ဦးစီးချုပ်၊ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ကမ္ဘောဒီးယားရေတပ်ဦးစီးချုပ်နှင့်လာအိုကြည်းတပ်ဒုတိယဦးစီးချုပ်တို့အား သီး ခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အဖွဲ့ဝင်များသည် သြဂုတ် ၂၅ ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ရန် ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here