မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့ ပထမဆု ၃ ဆု၊ ဒုတိယဆု ၁ ဆုနှင့်တတိယဆု ၄ ဆုဆွတ်ခူးရရှိထား

0
257

မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့ ပထမဆု ၃ ဆု၊ ဒုတိယဆု ၁ ဆုနှင့်တတိယဆု ၄ ဆုဆွတ်ခူးရရှိထား

ရုရှားနိုင်ငံ၌ သြဂုတ် ၁၅ ရက်မှစတင်ကျင်းပနေသည့် International Army Games-2022 ပြိုင် ပွဲ၏ ဆက်စပ်ပြိုင်ပွဲဖြစ်သည့် Army of Culture တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ် ကျေးမှုအဖွဲ့က နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဥ်ကျေးမှုအဖွဲ့များနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိရာမှ မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဥ်ကျေးမှုအဖွဲ့သည် ပထမဆု ၃ ဆု၊ ဒုတိယဆု ၁ ဆုနှင့်တတိယဆု ၄ ဆု(စုစုပေါင်း ၈ ဆု)ဆွတ်ခူးရရှိထားကြောင်း သိရသည်။

ဆုတံဆိပ်များအား မြန်မာ့ဆိုင်းဝိုင်းတီးခတ်မှုပြိုင်ပွဲတွင် ပထမ၊ စုံတွဲအဆိုပြိုင်ပွဲ(ရုရှားသီချင်း)ပထမ၊အကပြိုင်ပွဲ(ခေတ် ၄ ခေတ်) အကတွင် တတိယ၊ တစ်ဦးချင်းအမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယ၊ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ပြသမှုတွင် တတိယ၊ Folk National Instrument တတိယ၊ ရိုးရာယဉ်ကျေးမှုပြခန်း တတိယ၊အွန်လိုင်းမှတစ်ဆင့် ပရိတ်သတ်များ၏ မဲပေးရွေးခြယ်မှု(People’s Choice Award)တွင် ပထမဆုတို့အား အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များ သည် Army of Culture ပြိုင်ပွဲတွင် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့်ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာသိစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

မြန်မာ့တပ်မတော် ကိုယ်စားပြုရိုးရာယဉ်ကျေးမှုအဖွဲ့သည် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲကို ၂၀၁၈ ခုနှစ်ကပင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအကအကောင်းဆုံးဆု၊ စုံတွဲအတီးအကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆုတို့ရရှိခဲ့သည်။

အလားတူ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံးဆု၊ ၂၀၂၀ ပြည့်နှစ်တွင် အက တ တိယအကောင်းဆုံးဆု၊ ရုရှားသီချင်းသီဆိုဖျော် ဖြေမှု အကောင်းဆုံးဆု၊ ၂၀၂၁ ခုနှစ်တွင် ရုရှားသီချင်းဖြင့် တစ်ဦးချင်းဖျော်ဖြေတင်ဆက်မှု  တတိယဆု၊ အကောင်းဆုံးရိုးရာဝတ်စုံဖြင့် တင်ဆက်ပြသမှု ပထမဆုနှင့် People’s Choice Award တွင် ဒုတိယဆုများ အသီးသီးရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here