မရမ်းကုန်းမြို့နယ် တရားရုံး ဗုံးပေါက်ကွဲမှုဖြစ်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိ

0
370

မရမ်းကုန်းမြို့နယ် တရားရုံး ဗုံးပေါက်ကွဲမှုဖြစ်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိ

ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယနေ့ ဩ ဂုတ်လ (၂၆) ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်အချို့သေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဩဂုတ်လ (၂၆) ရက် နံနက် (၁၂) နာရီ ဝန်းကျင်က ပြည်လမ်းမပေါ်ရှိ မရမ်းကုန်းမြို့နယ် တရားရုံးဝင်းအတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားကာ လုံခြုံရေး တပ်ဖွဲ့ဝင် (၂) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း အဆိုပါ တရားရုံးအနီးပတ်ဝန်းကျင်တွင် ရောက် ရှိနေသူများထံမှ သိရသည်။

” လူနာတင်ယာဉ်တွေ လေးငါးခြောက်စီးလောက် နဲ့ သယ်သွားတယ်။ သေတဲ့သူတွေလည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အနည်းဆုံး (၂/၃) ယောက်တော့ သေတယ်။ အနားသွားကြည့်လို့မရတော့ အတိအကျတော့ ပြောလို့မရဘူး” ဟု ဗုံးပေါက်ကွဲသည့် အချိန်မှ မိနစ်အတော်ကြာကြာ တရားရုံးအနီးပတ်ဝန်းကျင်သို့ လုပ်ငန်းကိစ္စဖြင့် ရောက်ရှိနေသူ တစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မရမ်းကုန်း တရားရုံးသို့ စစ်တပ်နှင့် ရဲများရောက်ရှိ စစ်ဆေးနေပြီး လုံခြုံရေးယူထားကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့မှ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Generation – Y – Guerilla (GYG) မှ လည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မရမ်းကုန်း တရားရုံးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here