နေပြည်တော်နည်းပညာတက္ကသိုလ်အား ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင်စတင်ဖွင့်လှစ်ကာ ဘွဲ့သင်တန်း ၆ ခုကိုသင်ကြားသွားမည်

0
229
နေပြည်တော်နည်းပညာတက္ကသိုလ်အား ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင်စတင်ဖွင့်လှစ်ကာ ဘွဲ့သင်တန်း ၆ ခုကိုသင်ကြားသွားမည်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နေပြည်တော် နည်းပညာတက္ကသိုလ်၌ တက်ရောက်ရန် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲဖြေဆိုအောင်မြင်သူများဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ထုတ် ပြန်ကြေညာခဲ့သည်။
နေပြည်တော် နည်းပညာတက္ကသိုလ်၌ မြို့ပြအင် ဂျင်နီယာ၊အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊စက်မှုအင်ဂျင်နီယာ၊ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ဗိသုကာပညာဘွဲ့သင်တန်းများအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲဖြေဆိုအောင်မြင်သူများမှ အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ(၄)ဘာသာ ရမှတ်(အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုသူများအနေဖြင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ကျောင်းသားရေးရာဌာန၊ ဖုန်း ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိကြေညာခဲ့သည်။
နိုင်ငံတော်၏ လူမှု၊စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိစေရန်၊နိုင် ငံအကျိုးပြုအရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်အား ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here