ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်လာသည့် ကား ၃ စီးအနက် ၁ စီးဖမ်းဆီးခံရ ကျန် ၂ စီးမောင်းပြေး

0
103

ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်လာသည့် ကား ၃ စီးအနက် ၁ စီးဖမ်းဆီးခံရ ကျန် ၂ စီးမောင်းပြေး

ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်၊မယ်ဟောင်ဆောင်-ဘန့်ရတ်ထိုင်သွားကားလမ်းတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကား ၃ စီးအနက် ၁ စီး သြဂုတ် ၂၅ ရက်နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

မယ်ဟောင်ဆောင်-ဘန့်ရတ်ထိုင်သွားကားလမ်းအတိုင်း ချင်းမိုင်နှင့်လမ်ဖွန်ခရိုင်တို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်ရန် သွား ရောက်မည့် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ကား ၃ စီးအား မယ်ဟောင်ဆောင်ခရိုင်တာဝန်ရှိသူများက စစ်ဆေးရန်တားဆီးခဲ့ကြသည်။

ထိုသို့ တားဆီးရာ ကား ၃ စီးမှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ ၁ စီးအား ဘန့်ဟွေ့ခမ်ကျေးရွာရှိ တံတားအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ကျန် ၂ စီးမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ကားအားစစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသား မျိုးသား ၇ ဦးနှင့်အမျိုးသမီး ၃ ဦးအား တွေ့ရှိခဲ့ရပြီး တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပ ဒေအရအရေးယူရန် မယ်ဟောင်ဆောင်မြို့၊ မောက်ကျန်ပဲရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here