မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်းကျဆင်း–WHO

0
93

မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်းကျဆင်း–WHO

တစ်လခန့်အရှိန်ပြင်းပြင်းဖြင့် ကူးစက်မှုကောင်းနေခဲ့သော မျောက်ကျောက်ရောဂါသည် ယခင်အပတ်မှစကာ တစ်ကမ္ဘာလုံး၌ ကူးစက်မှု ၂၁ ရာခိုင်နှုန်းခန့်ကျဆင်းသွားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကကြေငြာခဲ့သည်။

WHO ကမျောက်ကျောက်ဗိုင်းရပ်ကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လတွင်ကြေငြာခဲ့သည်။ယခုအချိန်အထိ နိုင်ငံပေါင်း ၉၆ နိုင်ငံမှ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ၄၁,၀၀၀ ကျော်နှင့် သေဆုံးသူ ၁၂ ဦးရှိပြီဖြစ်ကာ အများစုမှာအမေရိကန်နိုင်ငံမှ ဖြစ်သည်။

WHO ၏ နောက်ဆုံးဖြစ်‌သောကူးစက်ရောဂါဆိုင်ရာ အစီရင်ခံစာအရဥရောပ တွင်ရောဂါဖြစ်ပွားမှုကျဆင်းနိုင်ချေရှိသည်။

“ထိရောက်သောပြည်သူ့ကျန်းမာရေးအစီအမံများ၊အမူအကျင့်ပြောင်းလဲခြင်းနှင့်ကာကွယ်ဆေးများ ပေါင်းစပ်ခြင်းသည်ကူးစက်မှုကို တားဆီးရန်အ‌ေထာက်အပံ့ဖြစ်‌ေစသည့် ဥရောပ၏ ရောဂါဖြစ်ပွားမှုနှေးကွေးစေသည့်လက္ခဏာများဖြစ်သည်” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

သို့သော်နိုင်ငံပေါင်းနှစ်ဒါဇင်နီးပါးသည် အမေရိကန်ပြည်ထောင်စု၌ အမြင့်ဆုံးသို့တိုးလာသောကူးစက်မှုကြောင့် အပတ်စဉ်ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာသည်ကိုလည်း တွေ့ခဲ့ရသည်။လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှု၏ ၃၄ ရာခိုင်နှုန်းကျော်သည် အမေရိကတွင် ရှိနေသည်။

အမေရိက၏ဒေသများသည် ပြင်းထန်သောကူးစက်မှုကို ဆက်လက်မြင်တွေ့ရပြီး အဆိုပါဒေသများသည် ပြီးခဲ့သည့်လကဖြစ်ပွားမှု၏ ၆၀ ရာခိုင်နှုန်းရှိခဲ့သည်။

“အထူးသဖြင့်လက်တင်အမေရိကတွင် လုံလောက်သည့်အသိပညာပေးခြင်းနှင့်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအားနည်းခြင်းတွေက ကာကွယ်ဆေးမရှိတာနဲ့ပေါင်းစပ်သွားတော့ ကူးစက်နှုန်းမြင့်အောင်မီးလောင်ရာလေပင့်ပေးလိုက်သလိုဖြစ်သွားပါတယ်” Tedros ကဆိုသည်။

ကာကွယ်ဆေးများပြတ်နေသဖြင့် အမေရိကအပါအဝင် အခြားနိုင်ငံများသည် ရှိပြီးသားပမာဏနှင့် များများထိုးနှံကာကွယ်နိုင်ရန် ဆေးပမာဏမျှတထိုးကာ စီမံခန့်ခွဲနေရကြောင်းလည်းဖော်ပြထားသည်။

ထိုသို့ပြုလုပ်နေရသဖြင့် မျောက်ကျောက်ကာကွယ်သည်ဟု အသိမှတ်ပြုခြင်းခံထားရသည့် Bavarian Nordic ကာကွယ်ဆေးသည်ပင် ယခုလိုဆေးပမာဏလျှော့ထိုးခြင်းကြောင့် ရရှိလာမည့်ရလဒ်အပေါ်အာမမခံနိုင်တော့မည်ကို စိုးရိမ်လျက်ရှိသည်။

ယခုကဲ့သို့ ခွဲဝေသုံးစွဲခြင်းအပါအဝင် ရရှိနိုင်သောကာကွယ်ဆေးများ၏ စွမ်းဆောင်ရည်ကို WHO က အနီးကပ်ကြည့်ရှုနေကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ခွဲဝေသုံးစွဲမှာဆိုင်ရာ ပြဿနာများအပါအဝင် ကျန်အရာများအား ထောက်ထားအကဲဖြတ်ရန် အေဂျင်စီ၏မဟာဗျူဟာအကြံပေးအဖွဲ့မှ ကျွမ်းကျင်သူပညာရှင်များသည် အောက်တိုဘာလ အစောပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source – ရိုက်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here