ရွှေလီ-မန်စံ အမှတ်(၂)ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးကွဲခြင်းအားပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
214

ရွှေလီ-မန်စံ အမှတ်(၂)ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးကွဲခြင်းအားပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

၂၃၀ ကေဗွီ၊ ရွှေလီ-မန်စံ အမှတ်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးသည် သြဂုတ် ၂၂ ရက်နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ကွဲသွားခဲ့သည်ဟု YESC မှအသိပေးခဲ့သည်။

ထိုသို့ ကြွေသီးကွဲသွားသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား သြဂုတ် ၂၇ ရက်(မနက် ဖြန်)နံနက် ၇ နာရီမှညနေ ၄ နာရီအထိ ၂၃၀ကေဗွီ၊ ရွှေလီ-မန်စံ အမှတ်(၁ ၊ ၂)ဓာတ်အားလိုင်းအား ဓာတ်အားပိတ်၍ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ပြန်လည်ပြုပြင်နေချိန်၌ ဓာတ်အားစနစ်ကွန်ယက်အတွင်း ရွှေလီဓာတ်အားပေး စက်ရုံမှဓာတ်အားထုတ်လုပ်မှု(400)MW ခန့် လျော့နည်းမည်ဖြစ်၍ ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်သည်။

ယင်းသို့ ဝန်အားလျော့ထိန်းညှိရမည်ဖြစ်၍ ရန် ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသည့်အချိန်များ၌ မြို့နယ်နေရာအချို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်မည်ဟု YESC ကအသိပေးခဲ့သည်။

ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here