ဝိုင်းမော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ထိခိုက်ပျက်စီး

0
279

ဝိုင်းမော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ထိခိုက်ပျက်စီး

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊စံပိုင်ကျေးရွာ အနီးရှိ တောစပ်တွင် သြဂုတ် ၂၆ ရက်(ယနေ့) နံနက်ပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က ခတ်ချိုကျေးရွာနေ ဦးဆန်းဝမ်နှင့်ဒေါ်ကြင်ဖုန် တို့နှစ်ဦးသည် စံပိုင်ကျေးရွာဟောင်းအနီးရှိ တောစပ်၌ဟင်းသီးဟင်း ရွက်ခူးနေစဥ် ဒေါ်ကြင်ဖုန်မှမိုင်းနင်းမိခဲ့ခြင်းဖြစ် သည်။

ထိုသို့ နင်းမိသဖြင့်ပေါက်ကွဲမှုဖြစ်ပွားကာ ဒေါ်ကြင်ဖုန်၏ ဘယ်ဘက်ခြေဖမိုးမှာကြွေမွပြတ်ထွက်ဒဏ်ရာများရရှိခဲ့သဖြင့် ခတ်ချိုကျေးရွာသို့ပြန်လည်သယ်ဆောင်လာပြီးနောက် ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ ပို့ဆောင်ခဲ့သော်လည်း အရေးပေါ်ပြုစုကုသမှုများပြုလုပ်ရန်လိုအပ်သဖြင့် ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံမှတဆင့် မြစ်ကြီးနားပြည်သူ့ဆေး ရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“သူ့အမျိုးသားကတော့ ထိခိုက်ဒဏ်ရာရသွားတာမရှိဘူး သူပဲသူ့အမျိုးသမီးကို ရွာအထိပြန်သယ်လာခဲ့တာ အခုတော့ မြစ်ကြီးနားဆေးရုံကြီးကိုထပ်ပို့ထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here