နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံ၍ အပြီးသတ်သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြ

0
189

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံ၍ အပြီးသတ်သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြ

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် သြဂုတ် ၂၆ ရက် (ယနေ့)နံနက်ပိုင်းက သီးခြားစီတွေ့ဆုံကာ စတုတ္ထနေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြသည်။


စတုတ္ထနေ့ဆွေးနွေးပွဲမစတင်မီ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့၊လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သည့်အဖွဲ့၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်အဖွဲ့တို့နှင့်တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံခဲ့သည်။ 


တွေ့ဆုံရာတွင် ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအားဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် စတုတ္ထဆွေးနွေးပွဲအား ဆက်လက်ပြု လုပ်ရာ ၄ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ 

ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မ တီ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။


အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ဒု-ဥက္ကဋ္ဌခွန်ထွန်းတင်၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌကျာဆော်လမွန်၊အထွေထွေအတွင်းရေးမှူးကျာယာကုတ်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်ခိုင်စိုးမြ တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here